ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ငွေဆောင်မြို့နယ်နေ တောင်သူ ဒေါ်မနီမှ လယ်ယာမြေများအား မတရားသိမ်းယူနေသည့် အေရှားဝေါလ် ကုမ္ပဏီမှ တာဝန်ခံများအား တရားစွဲဆိုခြင်း...

လူ့အခွင့်ရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ယက်(HRWDN)သို့ အကူညီတောင်းခံ၍ လယ်တောင်သူ ဒေါ်မနီ (ငွေဆောင်)မှ လယ်ယာမြေများအား မတရားကျုးကျော် သိမ်းပိုက် ရယူချင်နေသည့် အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူဟု ဆိုသော ဦစိုးသိန်းနှင့် ဦးသန့်ဇင်တို့အား ပုသိမ်မြို့မြို့နယ် တရားရုံးထံသို့ ၁.၉.၂၀၁၁နေ.က တရားစွဲဆိုလိုက်ပါသည်။ 

အသေးစိတ် သိရှိလိုပါက.. ဒေါ်မနီ(၀၉၄၈၇၃၄၁၀၈)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်း (၀၉၇၃၀၄၄၆၄၄)မှ ရှေ့နေခမယူပဲ အမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးပါသည်။

တိုင်ကြားစာနှင့် ဓာတ်ပုံများ အောက်မှာ ဆက်လက်ဖတ်ရှုပါရန်...



မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများအား စစ်အာဏာပိုင်များနှင့် ပူပေါင်းလုပ်ကိုင်နေသည့် အေရှဝေါလ်ကုမ္ပဏီဟာ ဧရာဝတီမြစ်ဆုံ စီမံကိန်းအား တရုတ် ကုမ္ပဏီများနဲ့ ပူပေါင်းလုပ်ဆောင်နေပြီး ပိုင်ရှင်ကတော့ ဘိန်းဘုရင် လောစစ်ဟန်ရဲ့သား စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်ဖြစ်ပါတယ်...။