ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တရုတ် (CPI) ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာရေအား လျှပ်စစ်ဝန်ထမ်း (၂၀)ဦး ကူမင်းမြို့သို့ သင်တန်းတက်ရန်ရောက်ရှိ...

 စက်တင်ဘာလ ၁၉ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှ ပထမအသုတ် သင်တန်းသား(၂၀) ဦးအား ကြိုဆိုသူများနှင့် အတူတွေ့ရစဉ်

မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနနှင့် တရုတ်China Power Investment Corporation (CPI) ကုမ္ပဏီတို့၏ နှစ်ဘက်သဘောတူ အစီအစဉ်အရ သင်တန်းသား (၂၀)ဦးပါ အဖွဲ့ဟာ စက်တင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာပါတယ်..။  အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်ပညာရှင် သင်တန်းသား (၆၀)ဦးအား ရေအားလျှပ်စစ်၊ နည်းပညာဆိုင်ရာနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများပေးရန် ခေါ်ယူမှာ ဖြစ်ပြီး ပထမအသုတ်အနေနဲ့ သင်တန်းသား (၂၀)ဦးအား စတင်ခေါ်ယူတာ ဖြစ်ပါတယ်...။

သင်တန်းကာလ ရက်(၁၀၀) ကြာမြင့်မယ့် အဆိုပါ သင်တန်းအတွင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာနဲ့ ပြုပြင်ထိန်းသိမ်းရေးတို့ အတွက်ဖြစ်ပြီး သီအိုရီနဲ့ လက်တွေ့ သင်ခန်းစာများအား ပေါင်းစပ် သင်ကြားပေးမှာ ဖြစ်ပါတယ်...။

သတင်း http://finance.sina.com.cn/roll/20110921/095910515787.shtmlအား
ကိုးကား တင်ပြပါသည်...။
မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းအား တရုတ် CPI ကုမ္ပဏီ၊ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနနဲ့ အေရှဝေါလ် ကုမ္ပဏီတို့မှ လက်ရှိပူပေါင်း ဆောက်လုပ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့က တရားဝင်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းများအနက် မေခမြစ်ပေါ်မှ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းမှာ ၉၇ရာခိုင်နှုန်းကျော် ပြီးစီးလျှက်ရှိပြီး မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ ၁၀ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်..။ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီးအား ဆည်ပိတ် ဆောက်လုပ်မည့် မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သည့် အဆိုပါ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ ဧရာဝတီကို ထာဝရရှင်သန်လိုသူများမှ  အမျိုးသားရေး တရပ်အနေနဲ့ ကန့်ကွက် လုပ်ဆာင်လျှက် ရှိပါတယ်...။
မြစ်ဆုံဆည် စီမံကိန်းအတွင်းမှာ အသုံးပြုနေတဲ့ တရုတ် CPI ကုမ္ပဏီပိုင် အသေးစား ရှပ်ပြေးယာဉ်
(ဓာတ်ပုံပေးပို့လာသူ ZSO အားကျေးဇူးတင်ပါသည်...)

အဆိုပါစီမံကိန်းတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူများမှ မြန်မာပညာရှင်များ၊ ထင်ပေါ် ကျော်ကြားတဲ့ ပုဂ္ဂိုလ်များနဲ့ ပြည်သူလူထုမှ ကန့်ကွက်နေသည့် ကြားမှ လျှပ်စစ်ဝန်ကြီးဆိုသူမှ မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း ရင့်ရင့်သီးသီး လေသံပစ်ပြစ်ခဲ့ပြီး ကန့်ကွက်နေသည့် ပြည်သူများအားလည်း ဧရာဝတီရောဂါနဲ့ အမှီလိုက်နေသူများဟု  စော်ကား ပြောဆိုခဲ့ပါတယ်...။

ထိုကဲ့သို့ ပြောဆိုပြီး မကြာမှီမှာပဲ အစိုးရ၏ ထောက်ခံမဲ အများစု ရရှိနိုင်မည့် လွှတ်တော်၏ အဆုံးအဖြတ် ခံယူမည်ဟု  ပြန်လည် ပြင်ဆင်ပြောဆိုကာ အချိန်ဆွဲရန် ကြံစည်လျှက်ရှိကြောင်း  သတင်းရရှိပါသည်...။ ပြည်တွင်းမှ ဂျာနယ်ပိုင်ရှင်တဦးမှ သုံးသပ် ပြောဆိုရာမှာတော့ ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၅)ရက်နေ့က ဧရာဝတီ သတင်းဋ္ဌာနမှာ ဖော်ပြပါရှိခဲ့တဲ့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ ခရစ္စတီးကျွန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆောင်းပါးပါ အချက်အလက်များဟာ ထိုစဉ်က စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ အရှိုက်အား ထိုးနှက်စေခဲ့တဲ့အတွက်  ပြန်လည်ခေါင်းလျှိုသွားတာ ဖြစ်ကြောင်း ၎င်း၏ ထင်မြင်ချက်အား ပြောဆိုသွားပါတယ်...။

ယခုကဲ့သို့ အများပြည်သူ ကန့်ကွက်နေသည့် ကြားမှပင် လျှပ်စစ်ဝန်ကြီးဋ္ဌာနမှ မြစ်ဆုံဆည်စီမံကိန်း၌ အဓိက ရင်းနှီးမြုပ်နှံသူ တရုတ်(CPI)ကုမ္ပဏီ အစီအစဉ်ဖြင့် သင်တန်းသားများ လျှို့ဝှက်၊ စေလွှတ် နေခြင်းဟာလည်း သံသယပွားဖွယ် ဖြစ်နေကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ
မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ ပြန်ကြည့်လိုပါက
ပို့စ်အောက်ရှိ Labels  မြစ်ဆုံဆည်သတင်းများမှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...။