ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မေခမြစ်အား တရုတ်ပြည်မှ မြစ်ဖျားခံစီးဆင်းတဲ့ အကြောင်း အတင်းဓမ္မ ဆက်စပ် သရုပ်ဖော်ပြသပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းကို တင်ပြထားတဲ့ တရုတ်ကုမ္ပဏီ(ရုပ်သံဖိုင်)

မြစ်ဆုံစီမံကိန်းမှာ UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER ကုမ္ပဏီရဲ့ မေခ၊ မလိခ၊ မြစ်ဆုံ စီမံကိန်းတွေရဲ့ စီမံကိန်း ၁၈မိနစ်ကြာ သရုပ်ပြရုပ်သံဖိုင်ပါ...။ မေခမြစ်ရဲ့ မြစ်လက်တက်တခုဟာ တိဘက်ပြည်နဲ့ ယူနန်နယ်တွေကို မြစ်ဖျားခံပြီး ဧရာဝတီမြစ်အဖြစ် စီးဆင်းဖြစ်ပေါ်လာပုံကို အနီရောင်နဲ့ ပြသပြီး တရုတ်ပြည်က မြစ်ဖျားခံတဲ့ ပုံစံ ပုံဖော်၊ တရုတ်ပိုင်မြစ်(သို့) တရုတ်နဲ့ သက်ဆိုင်တဲ့ မြစ်ပုံသဏ္ဍာန် ပေါ်အောင် အတင်းဓမ္မ ဆွေမျိုးစပ် ပုံဖော်ထားတာပါ...။ 

(တကယ့်မေခမြစ်ရဲ့ မြစ်ဖျားခံရာ အစကတော့ ပုံမှာ မြင်ရတဲ့ ကျွန်တော်တို့ ကျောင်းသုံး စာအုပ်တွေမှာပါတဲ့ မြန်မာပြည်မြေပုံရဲ့ အပြာဝိုင်းထားတဲ့ နေရာပါ)။ တတ်လဲတတ်နိုင်ပါပေတယ်...။ ရုပ်သံဖိုင်မှာ ပုံပါအတိုင်း ဧရာဝတီကို အနီရောင်နဲ့ ပြသထားပြီး ဧရာဝတီကို အနီရောင်နဲ့ တောက်လျှောက် ပုံဖော်ပြသွားပါတယ်...။ မေခ၊ မလိခနဲ့ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်တွေရဲ့ စီမံကိန်းတွေအကြောင်းနဲ့ မြစ်ဆုံဆည်ပြီးတဲ့အခါ မြင်တွေ့ရမယ့် အနေအထားတွေကို တင်ပြထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်...။

တရုတ်နိုင်ငံဟာ မြန်မာပြည်ကို ပုဂံခေတ်ကတည်း တရုတ်ပြည်ရဲ့ ပဏ္ဏာဆက်နိုင်ငံအဖြစ် သတ်မှတ်၊ ပုံဖော်ခဲ့ပါတယ်..။ ယခုလည်း ဧရာဝတီရဲ့ မြစ်ဖျားခံရာ မေခမြစ်ရဲ့ မြစ်လက်တက်တခုကို တရုတ်ပြည်မှ မြစ်ဖျားခံခဲ့တဲ့ ပုံသဏ္ဍာန်ဆက်စပ် ပုံဖော် ပြသထားတာဟာ စော်ကားတဲ့ အပြုအမူလို့ သတ်မှတ်နိုင်ပြီး ၎င်းတို့ရဲ့ ပင်ကိုယ် အတွင်းစိတ် သဏ္ဍာန်ကိုလည်း တွေ့မြင်နိုင်မှာပါ...။ ဒီမြစ်ဆုံဆည် စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးဆုံးသွားတဲ့အခါမှာတော့ ကချင်ပြည်နယ်နဲ့ ဒီမြစ်ဆုံဆည်ကို ဘယ်လိုပုံဖော် သတ်မှတ်မယ်ဆိုတာ စဉ်းစားကြည့်ကြပါ...။ 

ဧရာဝတီကိုကာကွယ်ရေးဟာ ကျွန်တော်တို့ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ပါ...။
ဖေ့စ်ဘွတ်မှ Nyi Nyi Tay Zar လာတဂ်ပေးထားတဲ့ ရုပ်သံဖိုင်ပါ...။ညီညီတေဇာအား ကျေးဇူးတင်ပါသည်..။
အထက်ပါ ရုပ်သံဖိုင်ကို UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER တရုတ်ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှုနိုင်ပါတယ်...။ 

ဒီမှာလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်...။ Click

ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?09vcn9pefx9mgcm