ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌကိုကျော်သူမှ အမေ့အိမ်သို့ ပညာဒါန လက်ဆင့်ကမ်းအလှူ...

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌကိုကျော်သူမှ အမေ့အိမ်သို့ ပညာဒါန လက်ဆင့်ကမ်းအလှူ...
မနေ့က (19th Sept) မှ ပညာဒါန လက်ဆင့်ကမ်းအလှူအဖြစ် နာရေးကူညီမူ အသင်း(ရန်ကုန်) မှာ လာရောက် လှူဒါန်းထားတဲ့ စာအုပ် စာတမ်းမျိုးစုံကို ကိုကျော်သူနဲ့ ဆရာမသန်းမြင့်အောင်တို့ ကိုယ်တိုင် အမေ့အိမ် ပညာဒါနကျောင်း(လှိုင်သာယာ) မှာဖွင့်လှစ်မယ့် စာကြည့်တိုက်ငယ် အတွက် ပေးအပ်လှူဒါန်း ခဲ့ကြပါတယ်။


အမေ့အိမ် ပညာဒါနကျောင်းလေးမှာ ပညာသင်ကြားနေကြတဲ့ ကလေးငယ်များအား စာဖတ်ဝါသနာကို မြှင့်တင်ပေးရေး၊ အထွေထွေ ဗဟုသုတ တိုးပွားစေရေး၊ ပညာရေး မြင့်မားရေး၊အတွက် ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်မယ့် စာကြည့်တိုက်ငယ် အတွက် ပရဟိတ စံပြပုဂ္ဂိုလ်များထံမှ မွန်မြတ်သော ပညာဒါန လက်ဆင့်ကမ်းအလှူကို အလှူရှင်များအားလုံးလည်း ထပ်မံသာဓုခေါ်နိုင်ရန် တင်ပြအပ်ပါသည်။

နာရေးကူညီမူအသင်း (ရန်ကုန်)အား အမေ့အိမ် ပညာရေးကော်မတီမှ အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာရေးကော်မတီ