ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လက်ရှိ အခြေအနေ(သတင်း ဓာတ်ပုံများ..).(၂)

ကြွရောက်လာကြသော ဧည့်သည်တော်ကြီးများ အားလှိုက်လှဲစွာကြိုဆိုပါ၏တဲ့... (ဇူလိုင်လကပုံပါ) စစ်တပ်က လုံခြုံရေးယူထားတယ် ဆိုတော့ ဘယ်သူဆိုတာ ခန့်မှန်းကြည့်ပါ...။ တရုတ်ပြည်အတွက်တော့ ဧည့်သည်တော်တွေပေါ့.. ကျွန်တော်တို့ အမိဧရာဝတီနဲ့ မြန်မာပြည်သူတွေ အတွက်ကတော့...

လျှပ်စစ်ဝန်ကြီးဆိုသူနှင့် ဧည့်သည်တော်ကြီးများ ပြန်လည်ထွက်ခွါ သွားပြီးနောက်.. မြင်ရတဲ့ မြင်ကွင်း
မြစ်ဆုံ စီမံကိန်း မြင်ကွင်း မြေပုံ..
ပြည်သူတွေ အလုပ်အကိုင်ရရှိနေပါတယ် ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့ စကားအရ ဒေသခံတွေကတော့ ယခုကဲ့သို့ ကတို့ဆိပ်မှာ စက်လှေ မောင်းနေရတဲ့ ဘဝ...
မြစ်အတွင်းမှ လှမ်းမြင်ရတဲ့ မြင်ကွင်း..
မြစ်ဆုံ စီမံကိန်းအကြောင်း တရုတ်လို အကျယ်တဝင့်
ကချင်ပြည်နယ် ဂုဏ်ဆောင် မြစ်ဆုံရဲ့ဒေသရဲ့ ဒီလို လှပတဲ့ မြင်ကွင်းတွေနဲ့ အမိဧရာဝတီ မြစ်ကြီး ဆက်လက် ရှင်သန် စီးဆင်းရေးဟာ ကျွန်တော်တို့ အားလုံးရဲ့ အမျိုးသားရေး တာဝန်တရပ်ဖြစ်ပါတယ်..
ဧရာဝတီ မြစ်ဆုံစီမံကိန်းမှ တရုတ် အမျိုးသမီးဝန်ထမ်းများ..နဲ့ နောက်ကျောမှာ မြင်နေရတဲ့ စီးဆင်းနေတဲ့ မြစ်အလျဉ်ကို ဒီနေရာကနေ ပိတ်ဆို့ဖို့ စီစဉ်နေပြီလား....။

လွန်ခဲ့တဲ့ ၂လက တွေ့မြင်ရတဲ့ မြစ်ဆုံ မြင်ကွင်းတွေပါ...။  ဆက်လက်ဖော်ပြပေးပါမယ်...။