ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အိမ် International Day of Democracy အခမ်းအနား..

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ...

အမေ့အိမ် International Day of Democracy အခမ်းအနား။

ဒီနေ့ (15th Sept) ညနေ(၄း၀၀)နာရီ အမေ့အိမ်ပညာဒါနကျောင်းလေးမှာ International Day of Democracy နေ့အခမ်းအနားကို ကလေးများနဲ့ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ ကြပါတယ်။ ရှေ့ဦးစွာ ဆရာ ဆရာမများက Democracyရဲ့ အဓိပ္ပါယ်၊ အခွင့်အရေးနှင့် တာဝန်ဝတ္တရား၊ လွတ်လပ်ခြင်းနှင့် စည်ကမ်းလိုက်နာခြင်း၊ တရားမျှတခြင်းနှင့် အပြန်အလှန်လေးစားခြင်း ၊ ချစ်ကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်း၊ တို့ကို ကလေးများအား နားလည်နိုင်သည့် ဥပမာများနဲ့ ရှင်းလင်း ပြောပြခဲ့ကြပါတယ်။ 

 ထို့နောက် ကလေးများအား အစုအဖွဲ့လိုက်ခွဲက ၄င်းတို့ကိုယ်တိုင် အဖွဲ့ ခေါင်းဆောင်များ ရွေးချယ်စေပြီး ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့လိုက်ကစားသည့်ကစားနည်းများ တဦးချင်း အခွင့်အရေးနှင့် တာဝန်ယူတတ်သည့် ကစားနည်းများကို ပျော်ရွှင်စွာ ကစားခဲ့ကြပါတယ်။ နောက်ဆုံးအနေဖြင့် ကလေးတဦးချင်းအား ဗလာမပါကံစမ်းမဲ အစီအစဉ်အဖြင့် ခဲတန်၊ ဘော်ပင်၊ စာအုပ်၊ ကွန်ပါဘူးနှင့်မုန့်များကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ညနေ(၅း၃၀) မှာ ပျော်ရွှင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။

ကလေးများရဲ့ အနာဂါတ်မှာ Democracy အပြည့်အ၀ ခံစားရရှိနိုင်ကြပါစေ။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ