ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်မှ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်များသို့ ပညာရေး အလှူငွေပေးအပ်ပွဲ ခရီးစဉ်.. (ဓာတ်ပုံ၊ သတင်း)

ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ဧရာဝတီတိုင်း နာဂစ်ဒေသများသို့ လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ လှူဒါန်းမှု တတိယခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလ (၂၄၊ ၂၅ ၊ ၂၆၊ ၂၉) နေ့များတွင် ဧရာဝတီတိုင်း အတွင်းရှိ နာဂစ်မုန်တိုင်းဒါဏ် ခံစားခဲ့ရသော အောက်ပါမြို့နယ်(၄) မြို့နယ်သို့ တစ်မြို့နယ်လျှင် ငွေကျပ် ဆယ်သိန်းစီ (၁၀၀၀၀၀၀ိ/) စုစုပေါင်း ကျပ်သိန်းလေးဆယ် (၄,၀၀၀,၀၀၀/ိ) ဗာလာစာအုပ်ဒါဇင်(၅၀၀)နှင့် ဘောလ်ပင်၊ ပေတံများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြပါသည်။
(၁) မိုးညိုကျေးရွာ( မူလတန်း ) အခမဲ့ပညာသင်ကျောင်း( ဘ/က)၊ ဘိုကလေးမြို့ ။
(၂) အလယ်ရေကျော်ကျေးရွာ၊ ( မူလတန်းလွန် ) အခမဲ့ပညာသင်ကျောင်း(ဘ/က)၊ မော်လမြိုင်ကျွန်း။
(၃) မဂူကျွန်းကျေးရွာ၊ (အလယ်တန်း) အခမဲ့ပညာသင်ကျောင်း( ဘ/က)၊ ကန်ကြီးထောင့်မြို့ နယ်။
(၄) မြရောင်ချည်(ဘ/က) မူလတန်းကျောင်း၊ အခြားလေးကျေးရွာနှင့် ဗလသုခ(ဘ/က)အလယ်တန်း ကျောင်း၊ ကြက်ဖမွေးစောင်း ကျေးရွာ ၊ ဖျာပုံမြို့ နယ်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ရခိုင်ပြည်နယ်သို့ လှူဒါန်း..

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသာများ ပညာရေးရန်ပုံငွေ လှူဒါန်းမှု စတုထ္တခရီးစဉ်အဖြစ် မတ်လ ( ၂၊ ၃၊ ၄ )နေ့ များတွင် ရခိုင်ပြည်နယ် အတွင်းရှိ အောက်ပါမြို့ နယ် (၂) မြို့နယ်သို့ ကျပ်သိန်းလေးဆယ်(၄,၀၀၀,၀၀၀/ိ) ဗာလာစာအုပ်ဒါဇင် (၅၀၀)နှင့် ဘောလ်ပင်၊ ပေတံများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
(၁) အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊(၁၀) တန်း အခမဲ့ပညာဒါန၊ မြေပုံမြို့ အလှူငွေကျပ် တစ်ဆယ်သိန်း (၁,၀၀၀,၀၀၀ိ/)
(၂) သာသနာ့အလင်းရောင်( ဘ /က)မူလတန်း၊ အခမဲ့ပညာပညာဒါနကျောင်း၊ မင်းပြားမြို့ ။
အလှူငွေကျပ် သိန်းသုံးဆယ် (၃,၀၀၀,၀၀၀ိ/)

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
https://picasaweb.google.com/109255525006943086316/GuLYTC