ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြဝတီခရိုင်ရုံးဖွင့်ပွဲ အခမ်းအနား (ဓာတ်ပုံ မှတ်တမ်းနှင့် ရုပ်သံ)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ကရင်ပြည်နယ် မြဝတီမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားအား မတ်လ (၂၇) ရက် တော်လှန်ရေးနေ့ မနက် (၇) တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် နှင့်ပြည်နယ်မှ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူလူထုများ ခန့်မှန်းခြေ (၅၀၀) ခန့်တက်ရောက် ကြသည်။
၎င်းအခမ်းအနားသို့ ယခင် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်၏ ကလိုထူးဘောစစ်ဌာချုပ်မှ အရာရှိများနှင့် ရဲဘော်များလည်း တက်ရောက်ခဲ့ကြသည်။ ကလိုထူးဘော စစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားဘွယ် ပေးပို့သောသဝဏ်လွှာကို စစ်ဦးစီးမှူးဌာန စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးထွန်းထွန်း က အခမ်းအနားတွင် ဖတ်ကြားခဲ့ပါသည်။

အခမ်းအနားကို နံနက် (၇) နာရီတွင် စတင်ကျင်းပပြီး..
အခမ်းအနားအစီအစဉ်များအား အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ မြဝတီမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ရုံးအားဖွင့်လှစ်ခြင်း။

၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည် ခေါင်း ဆောင်ကြီးများ၊ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း၌ ကျဆုံးသွားခဲ့သော ရဟန်းသံဃာတော်များ၊ပြည်သူလူထုများ၊ကျောင်းသားခေါင်းဆောင်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက် အလေးပြုခြင်း အစီအစဉ်။

၃။ မြဝတီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့်မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း အစီအစဉ်။

၎။ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့် စာရေးကိရိ ယာမျိုးစုံအား လှူဒါန်းခြင်း အစီအစဉ်။

၅။ ကလိုထူးဘောစစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားဘွယ် ပေးပို့သော သဝဏ်လွှာကို စစ်ဦးစီးမှူးဌာန၊ စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးထွန်းထွန်းမှ ဖတ်ကြားခြင်း အစီအစဉ်။

၆။ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းအစီအစဉ်။

၇။ ကရင်လူငယ်အဖွဲ့မှ သီချင်းဖြင့်ဖြေဖျော်ခြင်းအစီအစဉ်။

၈။ ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များဖြင့် အခမ်းအနားကို နံနက် (၉) နာရီတွင် အောင်မြင်စွာ  ပြီးဆုံးခဲ့ပါသည်။
National League for Democracy Mya Wadi T/S Opening Ceremony from Demo Waiyan on Vimeo.
ဗိုလ်ချုပ်စောလားဘွယ် ပေးပို့သောသဝဏ်လွှာ ရုပ်သံဖိုင်..
ဓာတ်ပုံ၊ရုပ်သံဖိုင်များအတွက် မသီတာအား ကျေးဇူးတင်ပါသည်..။