ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံတော်သမ္မတကြီးသိစေရန်.. ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ မတရားလုပ်ရပ်အားတင်ပြခြင်း..

နိုင်ငံတော်သမ္မတကြီးသိစေရန်..
ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ မတရားလုပ်ရပ်အားတင်ပြခြင်း။

လက်ရှိကရင်ပြည်နယ်ဝန်းကြီးချုပ်သည် မြ၀တီမြို့မှ စီးပွါးရေးသမားများနှင့်ပူပေါင်းပြီး လူထုကိုအနိုင်ကျင့်နေ သည်မှာ အများကသိပါသည်။ မြ၀တီမြို့လူထုများအားလုံးက စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြပါသည်။ သူတပါးပိုင်ဆိုင်မှု မြေသိမ်း၊ ခြံသိမ်း ယခုဆိုရင်လည်း ပြည်သူလူထု၏ ဆန္ဒကိုမျှမယူဘဲ စစ်တပ်၏အာဏာ ရှင်စနစ်မျိုးနှင့် ထိုင်းနိုင်ငံမှ ၀ယ်ယူသုံးစွဲနေသောလျှပ်စစ်မီးကို ဒေါ်သင်းသင်းမြတ်အား လက်သိပ်ထိုးပြီး ငွေကျပ်သိန်း(၁၀၀၀) ဖြင့် ၂ ဦးသားတွေ့ပြီး ၄င်းလျှပ်စ်မီးကို အပြီးအပိုင်လုပ်ပိုင်ခွင့် ချပေးလိုက်ပါသည်။

ဖေါ်ပြပါ မြ၀တီမြို့လျှပ်စစ်မီး ကိစ္စအား နိုင်ငံတော်သမ္မတကြီးမှ ပြည်သူတို့၏ သဘောထားများရယူ၍ ပြန်လည် ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။