ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာသို့ သွားရောက်ခဲ့ပြီး စက်လှေအင်ဂျင်အနံ့နဲ့ လှိုင်းမူးမှုဒဏ်ကြောင့် မူးမော်မှုဝေဒနာ ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရ..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ် သောင်းသောင်းဖြဖြကြိုဆိုကြတဲ့ မြင်ကွင်းဓာတ်ပုံများ


မြိတ်မြို့သားတွေ ကမ်းလုံးညွတ်မျှ လိုက်ပါပို့ဆောင်ကြစဉ်..
မူလစီစဉ်ထားတဲ့ ရှပ်ပြေးယာဉ်ဖြင့် မြိတ်ကျွန်းစုများသို့ လှည့်လည် စည်းရုံးရေးခရီး သွားရောက်မယ့် အစီအစဉ်အား အာဏာပိုင်များနှင့် ဒေသဆိုင်ရာ ကြံ့ဖွံ့အဖွဲ့မှ ဖိအားပေး အကြပ်ကိုင်မှုကြောင့် ရှပ်ပြေး ရေယာဉ်များ ငှားရမ်းခွင့် မရရှိခဲ့ပါဘူး။ မြိတ်မြို့ရှိ ရှပ်ပြေးရေယာဉ်ပိုင်ရှင်များမှ အခမဲ့ငှားရမ်းပေးဖို့ စီစဉ်ထားပေမယ့်လည်း အာဏာပိုင်များရဲ့ ဖိအားပေးမှုကြောင့် အထက်ပါအတိုင်း ပင်လယ်ပြင်ခရီးမှာ စက်လှေဖြင့်သာ သွားရောက်နိုင်ခဲ့ပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု မြိတ်မြို့မှ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာသို့ သွားရောက်ခဲ့ပြီး  စက်လှေအင်ဂျင်နံ့နဲ့ လှိုင်းမူးမှုဒဏ်ကြောင့် မူးမော်မှုဝေဒနာ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်...။ အချိန်အတန် လင့်နေတဲ့ ည (၁၀)နာရီခန့်မှာ မြိတ်မြို့သို့ ပြန်ရောက် ရှိလာကြောင်း သိရှိရပါသည်.။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့လည်း လိုက်ပါသွားကြောင်း သိရှိရပါသည်.။
မနက်ဖြန် မြိတ်မြို့မှာ ပြုလုပ်မယ့် နေရာနဲ့ လိပ်စာကတော့ ဖော်ပြပါ ပုံမှာ ကြည့်ရှုနိုင်ပါတယ်..။



ဓာတ်ပုံများအတွက် Ko Aung Koe (Myeik)အား ကျေးဇူးတင်ပါသည်..။