ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၈ရက်နေ့က ရဲရဲတောက်နေတဲ့ စစ်ကိုင်းမြို့ မြင်ကွင်းများနဲ့ စစ်ကိုင်းအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှ သိန်းချီ ပရိသတ်များ..

ရုပ်ရှင်၊ဂီတ အနုပညာရှင်များ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဖျော်ဖြေပွဲသို့ လာရောက်အားပေး ဖွင့်လှစ်ပေးသည့် အဖွဲ့ချုပ် နာယက ဘဘဦးဝင်းတင်
ဧရာဝတီ မြစ်ကမ်း သဲသောင်ပြင်မှ စစ်ကိုင်းလူထု..
ရဲရဲတောက်နေတဲ့ စစ်ကိုင်းလူထု
မတ်လ ၂၈ရက်နေ့ က စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေး ဖျော်ဖြေရေးများ ပြုလုပ်လျှက်ရှိပါသည်..။ မြို့ခံလူထုများမှ မြို့လုံးကျွတ်မျှ တက်တက်ကြွကြွပါဝင် ပျော်ရွှင်ကြပြီး၊ လမ်းတိုင်း လမ်းတိုင်း၌ အကျွေး အမွေးများဖြင့် ဧည့်ခံကြရာ တမြို့လုံး ခွပ်ဒေါင်းအလံများဖြင့် ရဲရဲတောက် ရဲပဒေါင်းခတ်ကာ အမေစု သီချင်းများ မိုးကောင်းကင်မှ ဖွင့်နေသည့်အလား နေရာတိုင်းတွင် ပြန့်နှံ့လျှက် ရှိနေသည့် မြင်ကွင်းသည်.. မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော စစ်ကိုင်းမြို့ ဖြစ်နေပါတော့သည်။

ညနေပိုင်းတွင်လည်း ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များ၏ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲကို ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပြင်တွင်ပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးဝင်းတင်မှ လာရောက် ဖွင့်လှစ် အားပေးခဲ့ပါသည်။ ထောက်ခံမဲပိုင်ရှင် သိန်းနှင့်ချီသော စစ်ကိုင်းလူထုပရိသာတ်ကြီး၏ ပျော်ရွှင်တက်ကြွသော ဟစ်အော်သံများမှာ ဧရာဝတီမြစ်ရေများပင် လှုပ်ခတ်သွားသည့် အလားထင်မှတ်ရပြီး အမေစု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်ကိုင်းပြည်သူလူထု၏ သွေးစည်း ညီညွတ်မှုအား ပြသလိုက်သည့်အလား ထင်မှတ်မိပါတော့သည်။
Untitled from Demo Waiyan on Vimeo.
သိန်းချီတက်ရောက် အားပေးကြတဲ့ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များ၏ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှ အဆိုတော် လင်းလင်း..
စစ်ကိုင်း အဖွဲ့ချုပ်အား ကျေးဇူးတင်ပါသည်..။