ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဦးသိန်းအောင် မြောင်းမြမြို့တွင် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဟောပြောပွဲများ ပြုလုပ်ပြီး (NLD)ဥက္ကဌအား အပုပ်ချသည့် စာကပ်မှုများဖြစ်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများပေါ်တွင် မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော  စကားလုံးများရေးသားပြီး မတ်လ ၂၀ရက်နေ့ညက မြောင်းမြမြို့အနှံ့ လိုက်လံ ကပ်ချိပ်ထားတာကို တွေ့ရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူများ၏ ပြောပြချက်အရသိရပါသည်။

အဆိုပါ ပိုစတာများပေါ်တွင် “ထင်ပေါ်ကျော်ကြားမှုတွေကြားမှာ အလွန်သာယာနေသူပါ၊ သူ့ကိုစောင့်လျှောက်တာ အနောက်အုပ်စု ဒါကြောင့်သူက အနောက်အုပ်စုရဲ့ကျွန်၊ အနောက်အုပ်စု ခိုင်းသမျှလုပ်နေတဲ့ အသားထဲကလောက်၊ သူ့ကိုရွေးရင်တော့ အနောက်အုပ်စုရဲ့ကျွန်ဖြစ်ပြီ သေချာတယ်၊ လူထုကို ချမ်းသာအောင် လုပ်ပေးမှာလား သားနှစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးမှာလား” စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော  စကားလုံးများဖြင့် အထက(၁) ကျောင်းရှေ့၊ ဆန်စက်ကုန်သည်များအသင်းရှေ့၊ နောင်ရိုးခန်းမ၏ အုတ်နံရံများပေါ် စတဲ့နေရာတွေပေါ်မှာ (Doubled tape) နှစ်ဘက်ကပ်တိတ်များဖြင့် သေသေချာချာ စနစ်တကျ ကပ်ထားတာကို တွေ့ရကြောင်း၊ မနက်မိုးလင်းမှ တာဝန်သိပြည်သူများက ၄င်းပိုစတာများကို ခွာယူပြီး မြို့နယ်ရုံးသို့ လာရောက်ပို့ပေးမှ သိရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် မခင်ဇော်လင်း ကပြောပါတယ်။

ထိုကဲ့သို့ မဖွယ်မရာ ကိစ္စပေါ်လာချိန်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင် သည် မြောင်းမြမြို့သို့ ရောက်ရှိနေခိုက်နှင့် တိုက်ဆိုင်နေပြီး ၄င်းနှင့်အတူ အခွန်ဘဏ္ဍာမှ ဦးဝင်းကို မြောင်းမြမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုတင့်ဆန်း၊ ဗိုလ်ချုပ်စိုးနိုင်နှင့် အခြားအရာရှိများလည်း လိုက်ပါလာကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် မြောင်းမြို့ တဖက်ကမ်းရှိ ဖြိုးကိုကိုတင့်ဆန်း ၏ ဇာတိ ဖြစ်သော ကွယ်လွယ်ကျေးရွာ တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်အောင်နှင့် အတူ ဖြိုးကိုကိုတင့်ဆန်းတို့ ရောက်ရှိလာခဲ့ပြီး ရွာသူရွာသားများအား တွေ့ဆုံရာတွင် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဖြိုးကိုကိုတင့်ဆန်းအား မဲပေးကြရန်တိုက်တွန်းပြောဆိုခဲ့ပြီး ကျေးရွာကော်မရှင် ဥက္ကဌဖြစ်သူ ဦးမောင်မောင်မြင့် လည်း အဆိုပါ ဟောပြောပွဲတွင် လိုက်ပါလာခဲ့သည်ဟု သိရပါသည်။

  ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကလည်း မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်ဘုတ်တင်နှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် နယ်မြေခံ ရဲသားတစ်ဦးမှ ဖွင့်ပြီးကာစ ရုံးအားလိုက်လံ၍ ဓါတ်ပုံရိုက်ခြင်း၊ အိမ်ရှင်များကိုခေါ်၍ စစ်ဆေးမေးမြန်းခြင်း အိမ်သားများကို တန်းစီ၍ ဓါတ်ပုံများ ရိုက်ယူခြင်းများကို အပြင်၊ မတ်လ (၁၆)ရက်နေ့ ကလည်း မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် မန်းဂျော်နီပုံပါသည့် ပိုစတာများအား ဓါးနှင့် ခုတ်ဖြတ်၍ အဖျက်ဆီးခံခဲ့ရခြင် စသည့် မင်းမဲ့စရိုက်ဆန်ုသည့် လုပ်ရပ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စော်ကားနှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစီရင်ခံစာများအရ သိရပါသည်။
ကော်မရှင်ထံတိုင်ကြားစာ ၀၂
 
ဖြစ်စဉ်မှတ်တမ်း၀၁
 
ဖြစ်စဉ်မှတ်တမ်း ၀၂

သတင်း... Myanmar Mediamm