ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်) ဖွဲ့စည်းခြင်း အခမ်းအနားနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများအား ပါမောက္ခချုပ် ဒေါက်တာစံလင်းမှ ခေါ်ယူစစ်ဆေး ဖိအားပေးနေခြင်း

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်)အား ၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့ ညနေ ၆နာရီတွင် ဖွဲ့စည်းခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ဒုတိယဥက္ကဋ္ဌကိုလင်းထက်နိုင်၊ အတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ တွဲဖက်အတွင်းရေးမှူး ကိုအောင်အောင်ကျော် တို့ပါဝင်တဲ့အဖွဲ့တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို တက္ကသိုလ်အသီးသီးမှ ကျောင်းသား/ကျောင်းသူ ၅၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။
ဟင်္သာတခရိုင် ဗကသ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့အား ရွေးချယ်တင်မြှောက်ပြီး အသီးသီးအမှာစကားများ ပြောကြားခဲ့ပါတယ်။ အခမ်းအနားအား သွေးသစ္စာသီချင်းအား စုပေါင်းသီဆိုပြီး ပြီးဆုံးခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက် သတင်းယူကြပါတယ်။

ယနေ့ ၃၁-၃-၂၀၁၂ နေ့တွင် ဟင်္သာတတက္ကသိုလ် တွင် တက်ရောက်ပညာသင်ကြားနေ့သည့် ဗကသအဖွဲ့ဝင် ကျောင်းသား/ကျောင်းသူများကို ၃၀ ရက်နေ့တွင် ဟင်္သာတသို့ရောက်ရှိလာသည့် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသိန်းကြည်နှင့် အဖွဲ့မှ တစ်ဦးချင်းခေါ်ယူကာ ကျောင်းသားများအနေဖြင့် တရားမ၀င်ဖွဲ့စည်းထားသော အသင်းအဖွဲ့သို့ မ၀င်ရောက်သင့်ကြောင်း ပညာရေးကို ထိခိုက်နိုင်သည်ကို သိသင့်ကြောင်း တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်ပြီး ခြိမ်းခြောက်သတိပေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဟင်္သာတတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ စံလင်းမှာလည်း လူမှုရေးအသင်းအဖွဲ့ တစ်ခုဖြစ်သည့် ရွှေမင်းသားဖောင်ဒေးရှင်း ဖွင့်ပွဲတွင်လည်း NLD ပါတီဝင် တစ်ချို့အားတွေ့ရှိသဖြင့် ဖွင့်လှစ်မပေးပဲ ထွက်ပြေးခဲ့ဘူးပါတယ်။
ဟင်္သာတမှ သတင်း၊ ဓာတ်ပုံ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..။ အောက်မှာတော့ ABSFU ဟသာင်္တရဲ့ (Facebook)ကြေငြာချက် သတင်းကို ဖတ်ရှုနိုင်ပါတယ်..။
 ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်း၊
ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်း၊ (အ.ဆ.ည)မှ ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး ၊ ဦးကျော်ဝင်းအောင် နှင့် အဖွဲ့သည် ဗ.က.သ အဖွဲ့ချုပ်(ဟင်္သာတခရိုင်) အဖွဲ့ဝင် ဟင်္သာတ တက္ကသိုလ် ကျောင်းသားကျောင်းသူများအား မိဘများနှင့်တကွ ခေါ်ယူစစ်ဆေးပြီး ဖိအားပေးခဲ့ကြသည်။

ဗ.က.သ အဖွဲ့ချုပ်(ဟင်္သာတခရိုင်)ဥက္ကဌ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုသန့်ဇင်ဦး ၀င်ရောက်တွေ့ဆုံရန် သွားခဲ့သော်လည်း ပါမောက္ခချုပ် ဒေါက်တာစံလင်းမှ "ငါတို့ကျောင်းသား ငါတို့ခေါ်စစ်တာ မင်းတို့နဲ့မဆိုင်ဘူး၊ ခုလောလောဆယ် ပြန်သွားပေးပါ" ဟုပြောခဲ့ပါသည်။နောက်ထပ် ဆက်သွယ်ခဲ့သော်လည်း ထပ်ပြီးတော့ မဆက်သွယ်ပါနဲ့တော့ ဟု ပြောပြီး ဖုန်းချသွားကာ နောက်ထပ် ဆက်သွယ်၍ မရတော့ပါ။

"သူငယ်ချင်းခေါ်၍ အဖွဲ့ဝင်တာပါ"ဟုဖြေသော ကျောင်းသူလေးတစ်ဦးအား "သူငယ်ချင်းခေါ်တိုင်း လိုက်မယ်ဆိုရင် မကောင်းသော နေရာအားခေါ်ရင် လိုက်မလား "ဟု အ.ဆ.ည မှ မေးမြန်းသူ တစ်ဦးက မိန်းကလေး အရှက်သိက္ခာ ကို ထိပါးစေသော စကားလုံး အား သုံးနှုန်းပြောဆိုခဲ့သည်။ ၃၁.၃.၂၀၁၂