ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တက္ကသိုလ်/ကောလိပ် မရှိသော တောင်ဇလပ်မြေသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ပညာရေးရန်ပုံငွေ လှူဒါန်းပေးအပ်..

တက္ကသိုလ်/ကောလိပ် မရှိသော တောင်ဇလပ်မြေသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ပညာရေးရန်ပုံငွေ လှူဒါန်းပေးအပ်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်မှ မတ်လ (၁၉ /၂၀/ ၂၁) ရက်နေ့က ပြည်တောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ လှူဒါန်းမှု နောက်ဆုံးခရီးစဉ် အဖြစ် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြိုနယ် အတွင်းရှိ အောက်ပါကျောင်းများသို့ ခွဲဝေလှူဒါန်းပေးနိုင်ရန် ငွေကျပ်သိန်း(၂၀)နှင့် ဗလာစာအုပ်ဒါဇင်(၂၅) ဘောလ်ပင်၊ ပေတန်များအား မင်းတပ်မြို့ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိထံသို့ ပညာရေးကွန်ရက်မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်း ခဲ့ကြပါသည်။

(၁) တောင်ပုလု ပရိယတ္တိ၊ ပဋိပတ္တိ၊ပရဟိတကျောင်း ကျောင်းသားဦးရေ (၁၄၀) ယောက်၊ မင်းတပ်မြို့ 
(၂) ကျော့ထော်ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၄၉ ) ယောက်၊ မင်းတပ်မြို့ 
(၃) ပန်းအော့ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၆၅ ) ယောက်၊ မင်းတပ်မြို့ 
(၄) မကြန်အိမ်ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၃၅ ) ယောက်၊ မင်းတပ်မြို့ 

ဆက်လက်၍ ချင်းပြည်နယ်မြောက်ပိုင်းသို့ လည်းအလှူငွေ ကျပ်ငွေသိန်း(၂၀) နှင့်ဗလာစာအုပ်၊ ဘောလ်ပင်၊ ပေတံများအားလည်း ချင်းပြည်နယ်၊ အဖွဲ့ချုပ်မှတဆင့် ပေးပို့လှူဒါန်းသွားပါမည်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ချုပ်ရဲ့ ပညာရေးရံပုံငွေ လှူဒါန်းဖို့အတွက် ပြည်နယ်နှင့်တိုင်း နေရာဒေသ အသီးသီးသို့ စွန့်စွန့်စားစား သွားရောက် လှူဒါန်းနေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်နှင့် အမေ့အိမ် ပညာသင်ကျောင်းမှ ဦးငယ်နဲ့ အဖွဲ့အား ဒီမိုဝေယံမှ လေးစားဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်..။