ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနက်ဖြန် မနက်(၉)နာရီမှာ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား သတင်းစာရှင်လင်းပွဲ ပြုလုပ်မည်..

မတ်လ၂၉ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ တွေ့ရတဲ့ ပြည်ပ ဓာတ်ပုံ၊ သတင်းထောက်များ.. (AP)
မနက်ဖြန် ၃၀ရက်နေ့ မနက်(၉)နာရီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ  ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ယနေ့ဖြစ်ပေါ်နေတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ အခြေအနေများနဲ့ ပတ်သက်ပြီး တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံဝင်းအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မာန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောကြားပါသည်..။

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် အခြေအနေအထိ ရွေးကောက်ပွဲ မသမာမှုများ လျှော့ကျသွားခြင်းမရှိပဲ ပိုလို့ပင် တိုးလာကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက်ပြောဆိုပါတယ်..။
အာဏာပိုင်များအား အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးမှုမှာ စတိမျှသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုပါတယ်..။

အစိုးရမှနယ်မြေ အေးချမ်းမှု မရှိသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်အတွင်းမှ ဖားကန့်၊ မိုးကောင်းနှင့် ဗန်းမော် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃နေရာအား  အမျိုးသားဒီမိကရေစီအဖွဲ့ချုပ်မှ KIOနှင့် ဆွေးနွေးလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သလို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)မှလည်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးမည်ဟု ကြေငြာချက် ထုတ်ပြန်ကြိုဆိုခဲ့ပါတယ်..။ သို့ပါသော်လည်း KIO၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လက်ရှိအာဏာပိုင် အစိုးရတို့မှ သုံးပွင့်၊ သုံးဆိုင် ညှိဆောင်ရွက်ရမည့် ကိစ္စ၌ အဓိကကျသည့် လက်ရှိ အာဏာပိုင်များမှ တစုံတခုမျှ တုံပြန် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်..။

သတင်း...ဒီမိုဝေယံ