ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ကချင်ပြည်နယ် မနောမြေသို့ လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ကချင်ပြည်နယ် မနောမြေသို့ လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စု တိုင်းရင်းသာများ ပညာရေးရန်ပုံငွေ လှူဒါန်းမှု ပဉ္စမခရီးစဉ်အဖြစ် မတ်လ (၉)ရက်နေ့ မှ( ၁၄) ရက်နေ့အထိ ကချင်ပြည် အတွင်းရှိ အောက်ပါမြို့နယ်(၄) မြို့ နယ်သို တစ်မြို့ နယ်လျှင် ငွေကျပ် ဆယ်သိန်းစီ(၁၀၀၀၀၀၀ိ/ ) စုစုပေါင်း ကျပ်သိန်းလေးဆယ်(၄,၀၀၀,၀၀၀/ိ ) ဗာလာစာအုပ်ဒါဇင်(၅၀၀) နှင့် ဘောလ်ပင်၊ ပေတန်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
(၁) အ.မ.က (ခွဲ) နမ်းနွမ်ကျေးရွာ ၊မိုးကောင်းမြို့နယ် မူလတန်းကျောင်းသား (၅၆)ယောက်၊ ဆရာမ(၅)ယောက်
(၂) မူလတန်းကျောင်း( ၄ ) ကျောင်း၊ တနိုင်းမြို့ မူလတန်းကျောင်းသား စုစုပေါင်း (၁၅၃) ယောက်
(၃) အ.မ.က ၊လ၀ါကျေးရွာ၊ ဖါးကန့်မြို့လ၀ါ( အ.မ.က ) မှ အလှူငွေ( ၁၀ )သိန်းကို နမ်းနွမ်း(အ.မ.က)  တည်ဆောက်ရန် ထပ်ဆင့် လွှဲပြောင်း လှူဒါန်းခဲ့ပါသည်၊

(၄) ချမ်းမြေ့မဉ္စရီ သီလရှင်ပညာရေးကျောင်း (ဘ/က) ရွှေပြည်သာကျေးရွာ၊ ဗန်းမော်မြို့ မူလတန်းကျောင်းသား (၁၈၄ )ယောက်၊ ဆရာမ(၁၄ )ယောက်

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်