ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ မနေ့ည(၇)နာ၇ီက ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရပါသည်။

(၆)ရက်နေ့ ည(၁၀)နာရီခွဲခန့်က မြောက်ဒဂုံမှ ခေါ်ဆောင်သွားခြင်းခံရတဲ့ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရဟာ မနေ့ည ၇နာရီခန့်က မြောက်ဒဂုံသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်...။ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအား သွားရောက်တွေ့ဆုံ မှတ်တမ်းတင် ရိုက်ကူးခဲ့မှုများအား မေးမြန်းစုံစမ်းခြင်း ဖြစ်ကြောင်းသိရှိရသည်။

အသံဖိုင်အတွက် ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်။