ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ၂၀၁၂ဇန္နဝါရီလ ကချင်ဒေသ စစ်မြေပြင်သတင်းရုပ်သံ..

၂၀၁၁ဇန္နဝါရီလက KIA နယ်မြေအတွင်း ပစ်ခတ်ခံရတဲ့ မြန်မာစစ်ရဟတ်ယာဉ်
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ၂၀၁၂ဇန္နဝါရီလ ၅ရက်နေ့ တရုတ်စာတန်းထိုး သတင်းရုပ်သံဖိုင်ပါ..။ မြန်မာအစိုးရတပ်တွေ လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ မြင်ကွင်း.. ကချင်ဒေသကို စစ်တပ်အင်အားထပ်မံ တိုးချဲ့နေတဲ့ မြင်ကွင်း..။ ဖားကန့်ဒေသက မြင်ကွင်းနဲ့ မြန်မာ့လေတပ် ရဟတ်ယာဉ် ပစ်ခတ်ခံရတဲ့ မြင်ကွင်းတွေပါ..။

တိုင်းပြည်အတွင်းမှာ တမြေတည်းနေ တရေတည်းသောက် ညီအကိုတွေ အိမ်ကြက်ချင်းခွပ်နေရတဲ့ အဖြစ်တွေပါ...။ ပြည်တွင်းစစ်အမြန် ရပ်ဆဲပြီးငြိမ်းချမ်းရေး အမြန်တည်ဆောက်ဖို့ တာဝန်ရှိတဲ့ အာဏာရအစိုးရမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေကို စေတနာအရိုးခံ ရှေ့ထားပြီး ဖော်ဆောင်ပေးမှ အောင်မြင်နိုင်မှာပါ...။ စစ်ပွဲတွေ တိုက်ပွဲတွေ ချက်ချင်း ရပ်ဆိုင်းပြီး ပြည်သူတွေ လိုလားတဲ့ ငြိမ်းချမ်းရေး ဘဝလုံခြုံရေးအတွက် တိုင်းရင်းသားတွေ ယုံကြည်မှုရရှိနိုင်မယ့် အာမခံချက်တွေကို အလျှင်အမြန် အဖြေထုတ် ဖော်ဆောင်ပေးဖို့ တိုက်တွန်း နှိုးဆော်ပါတယ်။

ဒီမိုဝေယံ
၂၀၁၂ ဇန္နဝါရီလ KIA သတင်း ရုပ်သံ... from Demo Waiyan on Vimeo.