ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲများ..

ဤသို့ စေတနာရှင် ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို စားဖွယ်ရာ ထမင်း၊ ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ ကြသည်။

စစ်ကိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အောင်နိုင်ရေး ဟောပြောပွဲများ ရပ်ရွာအနှံ့ ပြုလုပ် လျှက် ရှိရာ ၂၄-၃-၂၀၁၂ နေ့က ဘော်ဂါရပ်ကွက်နှင့် ကနားတော်ကျေးရွာတို့တွင် အားပေးတက်ရောက်သူ အထူးများပြားပြီး စေတနာရှင် ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို စားဖွယ်ရာ ထမင်း၊ ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ ကြသည်မှာ မေတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူးဆိုတာကို သက်သေပြနေ သလားလို့တောင် ထင်မြင်မိပါတော့သည်။

စစ်ကိုင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)