ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသမှ ယူရေနီယံ ထွက်ရှိတယ်ဆိုတဲ့ နေရာတွေက တိုင်းရင်းသား ပအိုဝ်းလူမျိုးတွေ အရေပြားရောဂါတွေ ခံစားနေရပုံအကြောင်း...

ယခုမြန်မာစစ်အစိုးရရဲ့ နျူကလီးယား ထုတ်လုပ်ရေး စီမံကိန်းတွေထဲမှာ ပါတဲ့သတင်းတွေ ထဲက မြန်မာနိုင်ငံမှာ ယူရေနီယံ ရှာဖွေတူးဖော်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး.. ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် ၁၁လပိုင်း ကကျင်းပခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသက ပင်းပက်တောင် ဝန်းကျင်ဒေသမှာ စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်နေရာမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အကြောင်းနဲ့ ထိုဒေသက ယူရေနီယံ သန့်စင်စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်းကျင်မှ ရွာသားတွေကို အတင်းဓမ္မပြောင်းရွေ့ခိုင်းပုံ၊ ထိုစက်ရုံမှ စွန်ပစ်ရေတွေကို ချောင်းမြောင်းတွေထဲ စွန့်ပစ်တဲ့ အတွက်ကြောင့် ထိုရေတွေကို အသုံးပြုရတဲ့ ကလေး၊လူကြီး အရေပြားရောဂါများ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် စိတ်ဝင်စားဖွယ် တင်ပြသွားခဲ့ပါတယ်။ ထိုဆက်စပ် သတင်းအား ယခု ပြန်လည်တင်ပြလိုက်ပါတယ်။


ဓာတ်ပုံ သတင်း ပေးပိုပေးတဲ့ ဦးခွန်မြင့်ထွန်းအား ကျေးဇူးတင်ပါသည်။
ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသမှာ စစ်အစိုးရမှ လူမဆန်တဲ့ ရက်စက်ကြမ်းကြမ်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ပြုလုပ်နေပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသက ပင်းပတ်တောင် ဝန်းကျင်ဒေသဟာ လွတ်လပ်ရေး ရပြီးစကတည်း ကသံသတ္တုရိုင်းတွေ ထွက်ရှိခဲ့ပါတယ်။ ၂၀၀ရခုနှစ်ကစပြီး အဲဒီဒေသမှာ ရုရှားနဲ့ ဖက်စပ်ပြီးတော့ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ ယူရေနီယံတွေ ထွက်ရှိခဲ့တဲ့ အတွက် သတ္တုသန့်စင်စက်ရုံ အမည်ခံပြီး စက်ရုံများဆောက်လုပ်ပြီး စမ်းသပ်မှုတွေ ပြုလုပ်လာပါတယ်။

ထိုသတ္တုစက်ရုံမှ ထွက်ရှိတဲ့ ခဲဆိပ်ပါတဲ့ ချောင်းမြောင်းတွေထဲစွန်ပစ်ပါတယ်။ ထိုစွန့်ပစ်ရေတွေကို ပအို့ဝ်ဒေသခံ တွေကိုသုံးစွဲရပါတယ်။ ထိုခဲဆိပ်ပါတဲ့ ရေတွေကို သုံးစွဲရတဲ့ ကလေးသူငယ်များမှ လူကြီးအဆုံး အရေပြားရောဂါများ ရရှိခံစားနေရပါတယ်။(အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်များပုံ များကြည့်ရှုနိုင်ပါသည်။)

ထိုသို့စစ်အစိုးရမှ လျှို့ဝှက်လုပ်ဆောင်နေတဲ့ ယူရေနီယံ ထုတ်လုပ်ရေး စီမံကိန်း အနီးအနားမှ ရွာများအား ပြောင်းရွှေ့စေလိုတဲ့ အတွက်ကြောင့် ရွာသူကြီးအပါအဝင် ရွာသားများအား ပအို့ဝ်လက်နက်ကိုင် တပ်တွေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လူကိုဓားနဲ့ ထိုးသတ်ခြင်း၊ အလောင်းကို အပိုင်းပိုင်းဖြတ်ပြခြင်းများ စတဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု (War Crime) တွေပြုလုပ်နေပါတယ်။

ထိုကြောင့် ထိုဒေသမှာရှိတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ မိမိတို့ နေထိုင်လုပ်ကိုင် စားသောက်နေရတဲ့ ရွာတွေမှ စွန့်ခွာထွက်ပြေးနေကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဆိုးရွားစွာ ခံစားနေရပါတယ်။ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများဟာ ပအို့ဝ်ဒေသ တခုတည်းသာမဟုတ်ပဲ စစ်အစိုးရလက်ထက် နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်နေတယ်။ နောက်စစ်အစိုးရနဲ့ ရုရှားတို့ ဖက်စပ်ပြုလုပ်နေတဲ့ ယူရေနီယံ သန့်စင်ထုတ်လုပ်ရေးဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ရွှေဂုံတိုင် နှီးနှောဖလှယ်ပွဲကြီး၌ (NCGUB) အလုပ်သမားဝန်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောဆိုသွားပါတယ်။

ယခုအချိန်အခါမှာတော့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ ပြောဆိုချက်တွေနဲ့ ပအိုဝ့်ဒေသက မှတ်တမ်းတွေဟာ ခိုင်လုံတဲ့ အထောက်အထားတွေ ဖြစ်လာပါပြီ။