ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ဝင်ခွင့် ဆိုက်ရောက်ဗီဇာမှာ ကျန်ခဲ့တဲ့ တစ်မျက်နှာ ထပ်တင်လိုက်ပါတယ်။

Visa MyanmarMyanmar Visa
ထပ်ပြီးပေးပို့လာတဲ့ ဆိုက်ရောက်ဗီဇာအတွက် အရေးကြီးတဲ့ ကျန်ခဲ့တဲ့ တစ်မျက်နှာ ဖြည့်စွက် တင်ပြလိုက်ပါတယ်။

မြန်မာပြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က အကြောင်းလေးကို Comment မှာ ရေးထားတာ တင်ပြလိုက်ပါတယ်။

ရန်ကုန်လေဆိပ်ဝယ်...

မြန်မာပြည်လေဆိပ်က လေယဉ်တစင်းစီ ဆင်းတာတောင်မှ ဧည့်သည် အပြင်ရောက်လို့ အချိန်တော်တော်ကြာမှ ပစ္စည်းက Conveyor ပေါ်ရောက်တယ် လ၀က ဆိုတာလည်း ...ကွန်ပြူတာရှေ့ ချထားပီး ကြာလိုက်တာ.. အရင်ဆုံး typing ကျင့်ရမယ်။.... လေဆိပ်မှာ ထမင်းဘူးမယူတာ Custom ၀န်ထမ်းတွေတဲ့ ဘာလို့လည်းသိလား ဆိုင်မှာနေ့တိုင်းဝယ်စားနိုင်လို့....။ ရေအိမ်တွေက ဘိုထိုင်တွေ ဆင်ထားပြီး သန့်ရှင်းရေးဝန်ထမ်းက သေချာမလုပ်တော့ ထိုင်ရမှာ မသတီဘူး...။ ထိုင်ခုံကို သုတ်စရာ Spray မရှိ Tissue မရှိ (ကန်တော့နော်) လေဆိပ်ဆိုတာနိုင်ငံတကာ မှာဝင်ချင်သလို ၀င်လို့ရတယ် အတိုင်းအတာ နေရာတခုထိပဲ... ခု ဟာက လိုက်ပို့မယ့်သူ နားမလည်တဲ့ သူတွေဆို အဆင်မပြေဘူး လူဦးရေ ပေါ်မူတည်ပြီး ပိုက်ဆံလေး ကြားညပ်ပေးလိုက် အစောင့်ကို (နည်းရင်အင်တင်တင်) အပြာဝတ်အစောင့်ထက် စစ်သားနဲ့ရဲက လိုက်စောင့်နေတာ (ဝေစုတွေရအောင်) ကားကောင်းနဲ့ လာလို့ကတော့ အိုး......နေရာတောင် ရှာပေးတယ် ပြီးရင် ပါကင်ခက ၂၀၀၀ကျပ် ဒါက မြင်လို့ရတဲ့နေရာ လေးတင်နော်။.... ဟိုးအထဲ ၀င်ကြိုမယ်ဆိုရင် ဘုန်းကြီးတွေက ကြိုဖို့တောင်းရင် လေဆိပ်က လေတပ်က ခဏစောင့်ပါ ဘုရားပေါ့.... မှတ်ပုံတင်ထဲ ၃၀၀၀ကျပ်လောက် ထည့်ပေးလိုက်တဲ့ သူကြတော့ area 2 ကဒ် အထဲဝင်ခွင့်ကဒ် တခါတည်းရတယ်။

ဝန်ထမ်းတွေ ပညာတော်သင်ကနေ ပြန်ရင်လည်းရဲက ခွင့်ပြူမိန့်ကို တွင်တွင်တောင်း ....စကားပြောရတာတောင် သူတို့ ကအပေါ်စီးက (နားဝင်ချိုအောင် စကား မပြောတတ်ကြဘူး မြန်မာဝန်ထမ်း လောကကလူတွေ) custom က မိန်းမတွေ ၀တ်ထားတဲ့ စိန်နားကပ်တွေထဲမှာ အင်းကွက်တွေပါတယ်။ (သင်္ဘောသားဆီက ဘယ်လောက် .တရားမ၀င်ပြန်လာတဲ့ သူဆီကဘယ်လောက်. နောက်ဆုံးတုံးအတုနဲ့ ပြန်လာတဲ့သူဆီက ဘယ်လောက်) အိမ်အတွက်ဝယ်လာတဲ့ ချောကလက်ကအစ မောင်နှမအတွက် ၀ယ်လာတဲ့ မိတ်ကပ်ကအဆုံး မျက်စောင်းထိုးတယ်......

ဘာပဲဖြစ်ဖြစ် ဆိုက်ရောက်ဗီဇာ ကျင့်သုံးလို့ အိမ်နီးချင်းနိုင်ငံတွေမှာ ခရီးသွားဧည့်သည် တိုးလာတာတော့ အမှန်ပါ ။ ဘာပဲဖြစ်ဖြစ် ခရီးသွားတွေလာတော့လည်း ဧည့်လမ်းညွှန်တွေ ဆိုင်တွေ စားသောက်ဆိုင်တွေ ဈေးကလူတွေ... လမ်းဘေးက ဈေးရောင်းတဲ့ ကလေးတွေ နိုက်ကလပ်က ခလေးတွေ ထမင်း၀၀တော့ စားရတာပေါ့ ကွယ်....။


လေးစားစွာဖြင့်