ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူ့အသံ ကဏ္ဍ...

တောင်ဒဂုံ ကားဘော်ဒီ စက်ရုံတွေထဲက တစ်ပုံပါ
ဒဂုံကတောင်က အကုန်ဖြောင်တဲ့ ရယက ဥက္ကဋ္ဌသက်အောင်

အဲဒါကတော့ ဒဂုံတောင်က အကုန်ဖြောင်တဲ့ ရယက ဥက္ကဋ္ဌဦးသက်အောင် အကြောင်းရေးသား ပေးပို့လာတာပါ။

ဒဂုံမြို့သစ်တောင်ပိုင်း မြို.နယ်အမှတ်(၂၆)ရပ်ကွက် အတွင်းရှိ ကားဘော်ဒီရုံတွေကို ရယက ကနေခွင့် ပြုပြီးတော. ဖွင့်ထားခဲ့တာပါ။ အခုနောက်တက်လာတဲ. ရယက ဥက္ကဌဦးသက်အောင်က ကားဘော်ဒီရုံတွေကို ရပ်ကွက်အတွင်းမှာ လုပ်ရင်ရယက ရံပုံငွေအဖြစ်နဲ. တစ်လကို ငွေကျပ်၃၀၀၀၀ ပေးရမယ်ဆိုပြီးတော. ဘော်ဒီရုံတွေကို တောင်းခံနေပါတယ်။ ရယက ရံပုံငွေဆိုပြီးတော့ တောင်းနေတာပါ။ ဦးသက်အောင် အပါအ၀င် ရယကလူကြီးတွေက ဘော်ဒီရုံတစ်ရုံကို တစ်လ၃၀၀၀နှုန်းနဲ. မပေးနိုင်ရင် ရပ်ကွက်အတွင်းမှာ လုပ်ဘို.ခွင့်မပြုနိုင်ဘူး ဆိုပြီးတော.့ ပြောပါတယ်။ ဘော်ဒီရုံပိုင်ရှင် ကိုယ်တိုင်ကလည်း ဘဲအခုလို ငွေညှစ်နေတာတွေကို မပြောရဲကြပါဘူး ဦးသက်အောင်ကို ရပ်ကွက်ကနေ တင်မြောက်ထားမဟုတ်တဲ့ အပြင် မီးကင်းကြေးဆိုပြီးတော့လည်း ကိုယ်ကျိုးအတွက် သုံးနေပါတယ်။ ဒါတွေကိုမယကဥက္ကဌကြီး တွေကိုလည်း ပြန်ပြီးတော. ပေးရတယ်လို. လည်းသိရပါတယ်။ ဒါကြောင့် အထက်လူကြီးတွေ အနေနဲ့ သိရှိစေဘို့ ရေးလိုက်တာပါ။ ကားဘော်ဒီရုံပုံတွေလည်း ထည့် ပို.ပေးလိုက်ပါတယ်။

ရယကဥက္ကဋ္ဌ ဦးသက်အောင်ဟာ ရပ်ကွက်အတွင်းမှာလည်း ဆိုင်ကယ်စီးပြီးတော့.လောင်းကစားမှုတွေ မှန်သမျှ ငွေယူပြီး ခွင့်ပြုပါတယ်။ မည်သူကိုမှ လူမထင်သလို ပြုလုပ်နေတာပါ။ သက်ဆိုင်ရာမှ ကြီးကြပ် ဆောင်ရွက်ပေးပါရန် တင်ပြလိုက်ရပါသည်။

အကုန်ပြောင်သွားတဲ့ ဒဂုံတောင်သား..

ကျောက်မြောင်း ကျားကွက်သစ်က အောင်မလေးတရတဲ့ ရယကဥက္ကဋ္ဌ အောင်လေး

ကျွန်တ်ာတို့ ကျောက်မြောင်း ကျားကွက်သစ် ရပ်ကွက်က ရယက ဥက္ကဋ္ဌ အောင်လေးဟာ ရပ်ကွက်ပြည်သူတွေ ကို မတရားအနိုင်ကျင့်ပြီး ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။ အရင်တုန်းကတော့ နိုင်ငံရေးသမားလိုလို ဘာလိုလိုနဲ့ပေါ့.. နောက်ပိုင်း နေရာလေးပေးလိုက်ပြီး အခွင့်အရေးတွေရတော့ ရပ်ကွက်သားတွေအပေါ် မတရား လုပ်ပါတော့တယ်။ ဘယ်သူမှမပြောရဲကြဘူး..သူက ပိုင်တယ်ဆိုင်တယ်ပေါ့ဗျာ.. အင်တာနက်ဆိုင်တွေနဲ့ ပေါင်းပြီး သူနဲ့ အရင်က ပေါင်းခဲ့တဲ့ နိုင်ငံရေးသတင်းထောက် တော်တော်များများကို ထောင်ထဲပို့ပါတော့တယ်။ သူအပေါင်းအသင်တွေ သတင်းထောက်တွေဆိုရင် အင်တာနက်ဆိုင်မှာ သူ့ကြောင့်ပဲ အဖမ်းခံရတာပါ။ လူမိုက်ပေါင်းစုံကို အရက်တိုက်ပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေကို အနိုင်ကျင့်ပါတော့တယ်။

ရပ်ကွက်ထဲမှာမတရားငွေကောက်ခံမှု တွေ ရှိနေပြီး ရတဲ့ ပိုက်ဆံတွေကို သူပဲသုံးဖြုန်းပစ်ပါတယ်။ ရပ်ကွက်ထဲက အနှိပ်ခန်းတွေ လောင်းကစားဒိုင်တွေဆီက ငွေတွေ ဆပ်ကြေးကောက်ခံပြီး လုပ်ချင်ရာလုပ်ခွင့် ပေးထားပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ဖြစ်ပေမယ့် ညဆို အရက်ဆိုင်မှာ သူ့တပည့်တပန်းတွေနဲ့ လာသောက်လေ့ရှိပါတယ်။ သူနဲ့တွဲနေတဲ့ အမျိုးသမီးတစ်ယောက်ရှိပြီး ရပ်ကွက်သားတွေကို အနိုင်ကျင့်နေပေမယ့် အဲ့ဒီသူ့အမျိုးသမီး အရက်ဆိုင်ကို လာပြီး ဆဲရင်တော့ ထွက်ပြေးရပါတယ်။ အဲ့ဒီလို မတရားငွေတွေကောက် ၊ လောင်းကစားဝိုင်း၊ အနှိပ်ခန်းတွေ ကိုလုပ်ချင်တိုင်း လုပ်ခွင့် ပေးထားတဲ့ ကျားကွက်သစ်ရပ်ကွက်က ဥက္ကဋ္ဌအောင်လေးအား သက်ဆိုင်ရာမှ စီစစ်အရေးယူပေးပါရန် တိုင်ကြားလိုက်ရပါတယ်။

လျှပ်တစ်ပြက် ကျောက်မြောင်း

အထက်ပါ အကြောင်းအရာတွေက နအဖလက်ထက် လိုင်စင်ရ ရပ်ကွက် မာဖီးယားဂိုဏ်းဝင်တွေ အကြောင်း ဖြစ်ပါတယ်။ ပြည်သူ့အသံ ကဏ္ဍသို့ ဆက်သွယ် ပေးပို့လိုသူများ demowaiyen@gmail.com သို့ ဆက်သွယ် ပေးပို့နိုင်ပါတယ်။