ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၀၀၉ ခုနှစ်က SSA -S နှင့်SPDC (တိုက်ပွဲ ရုပ်သံ)

ပေးပို့လာသူ Komgwto အားကျေးဇူးတင်ပါသည်။
နှလုံးအားနည်းသူများ မကြည့်ပါရန် ကြိုတင် အသိပေးတားမြစ်ပါသည်။
ဒီသတင်းရုပ်သံဖိုင်တွေနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ ဘယ်သူကိုမှ သာစေ၊နာစေဆိုပြီးတင်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ တစ်နိုင်ငံတည်းသားတွေ တိုင်းတစ်ပါးသားတွေနဲ့ တိုက်ခိုက်နေရတာ မဟုတ်ပဲ ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးအချင်းချင်း အများလက်မခံတဲ့ စံနစ်အောက်မှာ အချင်းချင်း တိုက်ခိုက်နေရပြီး အသက်ပေါင်းများစွာ ပေးဆပ်နေရတာပါ။ နစ်နာတာကတော့ မြန်မာပြည်သားတွေပါပဲ။

ကျွန်တော်ဖတ်ဘူးတဲ့ စကားပုံတစ်ခုမှာနေတော့ စစ်ပွဲတစ်ခုဆိုတာ ခေါင်းဆောင်ဆိုတဲ့ လူကြီးတွေ ဆုံးဖြတ်လိုက်တဲ့ အမှားအတွက် လူငယ်တွေ အသက်စတေး ရတယ်တဲ့။ ကျွန်တော်တို့တိုင်းပြည်မှာတော့ ဘယ်သူတွေ ဆုံးဖြတ်ချက်တွေမှားနေတယ်.. စစ်အာဏာရှင်စံနစ်ကို ထူထောင်နေတယ်ဆိုတာ လူတိုင်းအသိပါ။ တိုင်းသူပြည်သားတွေ အားလုံးအတွက် အာမခံနိုင်တဲ့ နိုင်ငံသားအခွင့်အရေးတွေ မရသ၍ ၊လူ့အခွင့်ရေးတွေ မရသရွေ့၊ တန်းတူအခွင့်အရေးတွေ မရသ၍၊ အားလုံးစုံညီ တစ်စားပွဲထဲထိုင်ပြီး အတူတူ မဖြေရှင်းနိုင်သရွေ့ ဒီအတုအယောင် ၂၀၁၀ဆိုတဲ့ ရွေးကောက်ပွဲ ပြီးသွားပေမယ့်လည်း.. ငြိမ်းချမ်းရေးဆိုတာ ဝေးနေဦးမှာပါ။