ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာနိုင်ငံ ၀န်ကြီးများအား အထူးတာဝန်ပေးအပ်ခြင်း ....

Than Shwe1
ဓာတ်ပုံအား ဒီမိုဝေယံနှင့် ညီငယ် အလင်းဆက်မှ ပြုလုပ်ပုံဖော်သည်။ (ပေးပို့သူ ဦးသန်းရွှေ)
ယနေ့မြန်မာနိုင်ငံသည် စစ်အစိုး၏လက်ထက်တွင် ထူးခြားသော ရလဒ်များအားပိုင်ဆိုင်ထားနိုင်သည် မှာ အောက်ပါအရည်အချင်းများ ရှိသောဝန်ကြီးများအား အထူးအာဏာကုန် လွှဲအပ်ထားခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံတော် အကြီးအကဲများက ၀မ်းမြောက် ဂုဏ်ယူလျှက်ရှိကြသည်။

ထူးခြားသောရလဒ်များမှာ
ကမ္ဘာတွင် လာဘ်စားမှုအများဆုံး တိုင်းသူပြည်သားများအား အနှိပ်စက်ဆုံးပညာရေး တွင် အဆင့်အနိမ့်ဆုံး တက္ကသိုလ် ၊ကောလိပ်အားလုံးကို မြို့နှင့် အဝေးဆုံးနေရာတွင် ထားရှိခြင်း မတရားဖိနှိပ်မူအခံရဆုံး သမိုင်းတွင် မကြုံဖူးအောင် နိုင်ငံအ၀န်းလုံး ရာသီဥတုဒဏ်ကို ပြင်းထန်စွာခံနေရခြင်း မိမိကိုးကွယ်သော ဘာသာအား နှိပ်ကွပ်မှုအများဆုံး၊ ဆက်သွယ်ရေးစနစ်တွင် အနှေးဆုံး နှင့် အခက်ခဲဆုံးဥပဒေသစ် အများဆုံး ရေးဆွဲ့သည့်နိုင်ငံ စာပေလွတ်လပ်ခွင့် အနည်းဆုံး ကမ္ဘာပေါ်တွင် လမ်းပန်းဆက်သွယ်မှု အခက်ခဲဆုံးနှင့် စက်သုံးဆီစရိတ် ဈေးအကြီးဆုံးနိုင်ငံ..


မြန်မာနိုင်ငံ ၀န်ကြီးများအား အထူးတာဝန်ပေးအပ်ခြင်း

ကာကွယ်ရေးဝန်ကြီးဌာန
မြန်မာပြည်အား မည်သူမျှ ကျူးကျော်မစော်ကားနိုင်ဘဲ မိမိတို့သာ စိတ်တိုင်းကျ ဒုက္ခပေးရန် တပ်မတော်အားအဆင့်မြင့်သထက်မြင့်စွာ တည်ဆောက်ရန်။ မြန်မာနို်င်ငံ၏ နိုင်ငံခြားဝင်ငွေများသည် အလွန်များပြားသော ကြောင့်တပ်မတော် မှ တာဝန်ယူကာမလိုအပ်သောနေရာများ တွင် စစ်လက်နက်များ တပ်ဆင်အသုံးပြုရန် တပ်မတော်သားများသည် ပြည်သူများ ဆင်းရဲဒုက္ခမရောက်စေရန် အဆင့်မြင့်နည်းပညာများကို သင်ကြားရာတွင် အရပ်သားများအား ခွင့်မပြုရန်။ ပြည်သူများ ဆင်းရဲပင်ပန်းကာ ဦးနှောက်မခြောက်စေရန် နေရာတိုင်းတွင် စစ်သားများသာ ရာထူးရယူခြင်းဖြင့် တိုင်းပြည်အားအနစ်နာခံရန်။

ဗိုလ်ချုပ်အောင်ဆန်းသည် အတိတ်တွင် ကျန်ရှိသောကြောင့် ပစ္စုပ္ပန်ကိုသာ ဦးတည်ထား လိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကို သတင်းအမှောင်ချခြင်းဖြင့် တိုင်းပြည်အား ကူညီပေးရန် ။ဝန်ကြီးများ သည်မဟုတ်သော အလုပ်များဖြင့် လွန်စွာ အလုပ်ရူပ်သောကြောင့် အမိန့်ကြော်ငြာချက်မှန်သမျှ တပ်မတော်မှသာ ဦးစီးထုတ်ပြန်ခြင်းဖြင့် ၀န်ကြီးများအား ကူညီပေးကြရန်....

ပညာရေးဝန်ကြီး
မြန်မာနိုင်ငံကျောင်းသားလူငယ်များ ပညာရေးတိုးတက်ဖွံ့ဖြိုးစေရန် နှင့်ဘွဲ့ရများ ပိုမိုမွေးထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ရိုးညွန်းတမ်းများတွင် ခက်ခဲသော စဉ်းစားညဏ်သုံးရသော သင်ရိုးများ ကို ထုတ်နူတ်၍ လွယ်ကူသော စာများကိုသာ ထည့်သွင်းရန်နှင့် စာမေးပွဲတွင်မေးမည့်အရာများကို သာ ထုတ်နူတ်သင်ကြားရန်။
သမိုင်းဆိုသည် မှာ အတိတ်တွင်ဖြစ်ပွားခဲ့သော အကြောင်းများ ဖြစ်သောကြောင့် သမိုင်းများအား မသင်ကြားပေးရန်။စာမေးပွဲဖြေဆိုသူတိုင်း အအောင်ပေးသည့်စနစ်ကို ကျင့်သုံး၍ ဘွဲ့ရများ ပိုမိုမွေးထုတ်ရန်။

သင်္ချာပညာရပ်များအား ဖြေရှင်းနည်းနှင့် တွက်ချက်ခြင်းများကို မပြုလုပ်ဘဲ အလွတ်ကျတ်စေရန်။ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် တက္ကသိုလ်ကျောင်းများအား ယခုထက်ပိုဝေးသော
နေရာများတွင် ရွှေ့ပြောင်းဆောက်လုပ်ရန်။ ကျောင်းသားများ၏ ကျန်းမာရေးလေ့ကျင့်ခန်း ရစေရန်အတွက် လမ်းများများလျှေက်ရသော နေရာများတွင်သာ ဘစ်စကားမှတ်တိုင်များကို ထားရှိရန်။ဆရာဆရာမများအား ကျောင်းသားများ ပညာရေးကို ပိုမိုသင်ပေးနိုင်ရန် ကျူရှင်ပိုမိုဖွင့်လှစ်ကြပါရန်။ မိမိတို့သက်ဆိုင်ရာ အရာရှိများ၏ သားသမီများကိုမူ ပြည်သူများအတွက် အနစ်နာခံကာ နိုင်ငံခြားတိုင်းပြည်များတွင်သာပညာသင်ကြားပေးရန်။
လျှပ်စစ်စွမ်းအားဝန်ကြီး
မြန်မာနိုင်ငံသည် သဘာဝကို ချစ်မြတ်နိုးသောနိုင်ငံဖြစ်သောကြောင့် ညအခါတွင် ပြည်သူများ အလုပ်မလုပ်ကြဘဲ ကောင်းမွန်စွာ အနားယူနိုင်ရန် လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ရန် နှင့် လိုအပ်ပါက နေ့အခါတွင်ပါ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ရန်။ ဖယောင်းတိုင်ထုတ် စက်ရုံများနှင့် ယပ်တောင်စက်ရုံများအား အမြန်တည်ဆောက်နိုင်ရန် စက်မှုဝန်ကြီးဌာနအား ကူညီပေးရန် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံများ နှင့် နျူးကလီးစက်ရုံများကို ပိုမိုတည်ဆောက်ပြီး ပိုလျှံသော တိုင်းပြည်ဘဏ္ဍာငွေများ အားအသုံးချရန် ကျွမ်းကျင်သော လျှပ်စစ်အင်ဂျင်နီယာများအား အသုံးချလျှင် လိုအပ်သော လျှပ်စစ်ဓါတ်အားအပြင် မလိုအပ်သော ပိုလျှံ လျှပ်စစ်ဓါတ်အားများ ထွကှ်ိရှိလာမည် ဆိုးသောကြောင့် မကျွမ်းကျင်သည့် ပညာရှင်များကိုသာ တာဝန်ပေးအပ်ရန်...

ပို့ဆောင်ရေးဝန်ကြီး
မြန်မာနိုင်ငံတွင် ရှိသောလမ်းများ အားခတ်မှီသော နည်းစနစ်များ နှင့်တည်ဆောက်မည်ဖြစ်သောကြောင့် လမ်းများကို မကြာခဏ ပြင်ဆင်ရသော နည်းစနစ်များသာ အသုံးချရန်။မကြာခဏ လမ်းများ ပြင်ဆင်ရမည် ဖြစ်သောကြောင့် လမ်းဖြတ်သန်းခများကို ပိုမိုကောက်ခံရန်။ ယခုအသုံးပြုထားသော လမ်းတံတား နည်းပညာများ၏ အကျိုးဆက်ကို သိသောအားဖြင့် တာယာစက်ရုံများ တည်ဆောက်နေသော စက်မှုဝန်ကြီးဌာနအား ကူညီပေးရန်။ လမ်းတံတားများအား ဖြတ်သန်းခွင့်ကောက်ခံရာ၌ အစိုးရနှင့် ရင်းနှီးကျွမ်းဝင်သော လူများအား ကန်ထရိုက် ဆောက်ရွက်ခွင့်ပေးရန်နှင့် တံတားကြေး၊ မြို့ဝင်ကြေးသာမက ရွာဝင်ကြေးပါ ကောက်ခံပေးခြင်းဖြင့်ပြည်သူများ ခရီးသွားခြင်းကို တိုးမြင့်ရန် ပြည်သူများ ယဉ်အန္တရယ် ကင်းရှင်းစေရေးအတွက် ကားများ မြန်မြန်မောင်း၍ မရနိုင်သောလမ်များကို သာ တည်ဆောက်ရန် ယဉ်ထိန်းရဲများ အလုပ်ကြိုးစားနေသည်ကို သိသာစေရန် အတွက် လာသမျှကားများအား ဦးထုပ်ချွတ်၍ ကားသမားများအား နူတ်ဆက်စေရန်နှင့် ကားသမားများမှ ပြန်၍နူတ်ဆက်ရန်။ ယဉ်ထိန်းရဲ များ အလုပ်မရှိမည် ဆိုးသောကြောင့် မီးပွိုင့်များတွင် အဆင့်မြင့်နည်းစနစ်များ အသုံးမပြုကြရန် ရှေးးဟောင်း ယဉ်ကျေးမှုကို တန်ဖိုးထားသောအားဖြင့် ယဉ်သစ် တင်သွင်းခွင့်ကို ခွင့်မပြုဘဲ ယဉ်ဟောင်းများသာ ပြည်သူများအား အသုံးပြုခွင့်ပေးရန်။

ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး
ပြည်သူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရေးအတွက် တယ်လီဖုန်းလိုင်းများ ချပေးရန် ၊ သို့သော်ပြည်သူများ ငွေကုန်ကြေးကြများမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဖုန်းလိုင်းများ အားခေါ်ရခက်အောင် လုပ်ထားကြရန်။ ကမ္ဘာတွင် မြန်နိုင်ငံသည် ဖုန်းလိုင်း နှင့်ဖုန်းခ အဈေးကြီးဆုံး နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ရန် မြန်မာနိုင်ငံ၏ အင်တာနက်စနစ်သည် မြန်နူန်းမြင့် လွန်းအားကြီး နေသောကြောင့် အခြာနိုင်ငံများက မနာလိုမည်ကို စိုးရိမ်သောကြောင့် အမြန်နူန်းများ လျှော့ချရန်...

သာသနာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ပြည်သူများအား အစိုးရဘာလုပ်လုပ် သည်းခံစိတ် မွေးနိုင်ကြမည့် တရားတော်မျာသာ သင်ကြားပေးနိုင်ရန် သာသနာရေးဝန်ကြီးအား အထူးတာဝန်ပေးအပ်သည်။
မြန်မာနိုင်ငံ သံဃာနာယကများ အနေဖြင့် အစိုးရ၏လျှောက် ထားချက်မှန်သမျှများကို သဘောတူပေးရန်နှင့် တရားပွဲများအား အကန့်အသတ်ဖြင့် သာခွင့်ပြုရန်။ အချို့သော ဘုရားရှင်၏ စစ်မှန်သော တရားတော်များ ကို အစိုးရအခမ်းအနားများတွင် မဟောပြောရန်နှင့် အစိုးရ၏ လုပ်ဆောင်ချက်ကို ဝေဖန်မည့် သံဃာတော်များအား သံဃာ့နာယက အဖွဲ့တွင် မခန့်အပ်ရန်။ ပြည်သူများဒုက္ခကို ကိုယ်ချင်းစာနာစိတ်ရှိသည့် ရဟန်းသံဃာများအား ဘုရားရှင် တရားတော်တွင် မပါသော်လည်း သံဃာမဟုတ်ဟု လိုအပ်ပါက အတိအလင်း ကြော်ငြာပေးရန် သံဃာနာယကအဖွဲ့၏ တာဝန်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာ
မြန်မာနိုင်ငံ ၏ သမိုင်းတွင် မကြုံဖူးလောက်အောင် မည်သည့်နေရာ၌ တိုးတက်နေသည်ကို အမှန်တကယ်သိသော သူများ၏ ဟုတ်မှန်သော သတင်းများကို မမှန်ကန်သော သတင်းများအဖြစ် ချက်ခြင်း ကြော်ငြာချက် ထုတ်ပြန်ရန်။ သတင်းစာ ဂျာနယ်တိုင်းတွင် အတင်းအဖြင်းများကိုသာ အရေးကြီးဖော်ပြရန်နှင့် တိုင်းပြည်၏လိုအပ်ချက်များကို မဖော်ပြကြရန် သတင်းမှန်ဖော်ပြသောဂျာနယ်များအား ဥပဒေအသစ် ထုတ်၍ ဂျာနယ်ထုတ်ဝေခွင့်ပိတ်ရန်နှင့် စာရေးစရာအား အပြစ်အမျိုးမျိုးပြ၍ ထောင်ချရန်။

ပြည်သူများ၏ စိတ်အေးချမ်းသာမှု ရရှိစေရန် အနိဌာရုံဖြစ်ရပ်မှန် မြင်ကွင်းများအား မဖော်ပြဘဲ ပျော်ရွှင်စရာများကိုသာ ဖော်ပြရန် တိုင်းသူပြည်သားများ ၏ ဆန္ဒကို ထုတ်ဖော်မရေးသားကြရန် ။ မြန်မာနိုင်ငံစာနယ်ဇင်း(၀ါ) သတင်းအမှာင်ချရေး ကော်မတီ ကိုလည်း သေချာစွာ ပြင်ဆင်ဖွဲ့စည်းရန် ။ စစ်မှန်စွာ သတင်းမှန်များကို ဖော်ပြသူများအား တရားဝင်ရှုံ့ချရန်။ ညစ်ညမ်းမှုသည် မကောင်းမှန်းသိသာစေရန် ညစ်ညမ်း ၀က်ဆိုက်များအား ကောင်းစွာကြည့်ရူနိုင်စီစဉ်ပေး၍ သတင်းမှန် ဖော်ပြသောဝက်ဆိုက်များအား ပြည်သူများအချိန်ကုန်မည်ဆိုး၍ ကောင်းစွာ မကြည့်နိုင်အောင် စီစဉ်ထားရှိရန်။

ပြည်ထဲရေးဝန်ကြီးဌာန
တိုင်းပြည်တွင် ဖြစ်ပွားနေသာ ခိုးဆိုးလုယက်မှုများ ကို မဖြစ်ပွားစေရန် လူဆိုးသူခိုးများအား ထောင်ထဲထည့်၍ မိမိတို့ကိုယ်တိုင်ဦးစီးဆောင်ရွက်ရန် ဘာသာရေးတရားပွဲများကို လုပ်ခွင့်ပါမစ်ကို မတတ်သာမှသာပေး၍ ပြည်သူများ ကောင်းစွာ အနားယူနိုင်ရန် အနှိပ်ခန်းများ နှင့်ကာရာအိုကေများ တိုးချဲ့ဖွဲ့လှစ်ရေးကို အကူအညီပေးကြရန်။တရားစီရင်ရေး တွင် ဥပဒေအသစ်များထုတ်ဖော်ခြင်းဖြင့် ကမ္ဘာအလယ်တွင် ဥပဒေအများဆုံး၇ှိသောနိုင်ငံအဖြစ် ဂုဏ်ယူဝင့် ကြွားနိုင်ရန် အပြစ်မရှိ ပြည်သူများအား ကောင်းမွန်စွာ ထောင်ချနိုင်ရန် ဟုတ်တိုင်းမှန်ရာ တရားစီရင်မည့် ပုဂ္ဂိုလ်များ အား အလုပ်ဖြုတ်၍ မတရားသူကြီး အသင်းခန့်အပ်ရန်နှင့် ဘယ်တိုင်းပြည်တွင်မှမရှိသော ထောင်ဒဏ်မျိုးချမှတ်ရန်။

ကမ္ဘာပေါ်တွင် လဘ်စားမှုအများဆုံးနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်အောင် ရပ်ကွက် ဥက္ကဌများမှ စ၍နေရာစုံ လာဘ်စားနိုင်ရန် စီမံပေးရန်။ လောင်းကစားသည် တိုင်းသူပြည်သူများ၏ ထွက်ပေါက်ဖြစ်သောကြောင့် လောင်းကစားမှန်သမျှ အားပေးရန်နှင့် ဖြစနိုင်ပါက မိမိကို ဒိုင်လုပ်ခြင်းဖြင့် ပြည်သူများအား ကူညီပေးရန်။ ၀န်ကြီးများ၏ တာဝန်မှာ လွန်စွာများပြားခြင်းကြောင့် အပြည့်အစုံ မဖော်ပြနိုင်သည်ကို ခွင်လွှတ်ကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။ အထက်မှ တာဝန်ပေးအပ်သည့် အတိုင်း တိကျစွာ တာဝန်ထမ်းဆောင် လျှက်ရှိသောကြောင့် မြန်မာပြည် သည် ကမ္ဘာအလယ်တွင် နံမည် ကြီးနေပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ထိုသို့အစစအရာရာတွင် ထူးခြားသောရလဒ်များ ပိုင်ဆိုင်ထားခြင်းကြောင့် နိုင်ငံတကာမှ မနာလိုဖြစ်ကာ ဟုတ်မှန်သော သတင်းများကို ဖော်ပြလျှက်ရှိပါသည်။

ခင်မင်လေးစားစွာဖြင့်
ဥာဏ်လင်းထက်