ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တရုတ်ဝန်ကြီးချုပ်နဲ့ မြန်မာ အာဏာရှင် ကွာခြားချက်...

တရုတ်တွေ့မင်း....
Chinese PM
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အကြောင်းရေးထားတဲ့ The Voice ဂျာနယ်က သတင်းတစ်ခုပါ.. သတင်းကိုတော့ ဖတ်ကြည့်ကြပါ.. အောက်ဆုံးမှာ ရေးထားတာလေးက အထူးသဖြင့် ဝန်ကြီးချုပ်သည် သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံး ဒုက္ခရောက်သည့် ပြည်သူများကို ဂရုဏာစိတ်ဖြင့် အချိန်မဆိုင်း လျင်မြန်စွာ တွေ့ဆုံလေ့ ရှိသူဖြစ်သည်တဲ့... တရုတ်ငလျင်ဘေးတုန်းက ချက်ချင်းရောက်လာပြီး အားပေးခဲ့တာပါ။
မြန်မာပြေး မင်း...
နိုင်ငံခြား ခရီးထွက်တဲ့ စစ်အာဏာရှင်တွေဟာ နိုင်ငံခြားမှာ ကိုယ့်မြန်မာတွေကို တွေဖို့ဝေးစွ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် မသိရအောင် လျှို့ဝှက်ထားပါတယ်။ နိုင်ငံခြားရောက် မြန်မာတွေကလည်း မတွေ့တွေ့ရအောင် လိုက်ရှာရတာ အမောပါ။ ဖိနပ်လှူချင်တဲ့သူတွေ ရှိတာတောင် အတွေ့မခံပါဘူး။ အပြေးပြိုင် နေကြတာလေ။ တွေ့ချင်ပုံချင်းက ကွာခြားပါတယ်။ အထက်ပါ တရုတ်ဝန်ကြီးချုပ် အကြောင်း ရေးထားတဲ့ သတင်းစာသားလေးနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အထူးသဖြင့် မြန်မာ.. အာဏာရူးကြီးသည် နာဂစ် သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံး ဒုက္ခရောက်သည့် ပြည်သူများကို ဂရုဏာစိတ်မထားပဲ အမြန်မသေသေအောင် အချိန်မကုန်ကုန်အောင် အချိန်ဆိုင်းပြီး အားလုံးပြီးဆုံးချိန် ရောက်မှသာ အလှူခံပစ္စည်းများအား ခိုးဝှက်ရန် လျင်မြန်စွာ တွေ့ရာစားလေ့ရှိသူဖြစ်သည်။.. ဒီလိုပြောင်းပြန်စဉ်းစား တွေးတောမိပါတယ်။