ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘဘဦးတင်ဦးနှင့်ဘဘဦးဝင်းတင်တို့အား HIV/AIDS ဝေဒနာသည်များမှ ဂါဝရပြုကန်တော့ပွဲ ဓာတ်ပုံ မှတ်တမ်း...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဘဘဦးဝင်းတင်တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်များ အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းနှင့် HIV/AIDS ဝေဒနာသည်များမှ ဂါဝရပြုကန်တော့ပွဲ ပြုလုပ်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် ခရေပင်(၂)ပင် စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

HIV/AIDS ဝေဒနာသည်များအား ကူညီလှူဒါန်းလိုလျှင် အဖွဲ့ချုပ်HIV/AIDS ရောဂါသည်များ အကူအညီပေးရေး အစီအစဉ် တာဝန်ခံ မဖြူဖြူသင်းနှင့် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

ဓာတ်ပုံပေးပို့လာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။