ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

GW (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ) ၏ မျိုးဆက်လှိုင်း ကဗျာစာအုပ်

ကျောင်းသူ၊ကျောင်း သားတွေရဲ့ အားကျလေးစားစရာ လုပ်ရပ် တွေကိုလဲ ကျမမဖော်ပြပဲမနေနိုင်ပါဘူး။ ဒီ နိုင်ငံတာဝန် လှုပ်ရှားမှုမှာ သူတို့တတွေ အားလုံးသိပ်ပြီး သတ္တိရှိထက်မြက်ကြရုံမကပဲ သဘောထားပြည့်ဝကြပြီး အကြံသစ်ဥာဏ် သစ်များကို လွယ်ကူစွာ နားလည်လက်ခံနိုင် ကြပါတယ်။ သူတို့ရဲ့ စုပေါင်း စီမံခန့်ခွဲမှုတွေ စိတ်အားထက်သန်မှုတွေဟာ သိပ်ကို အံ့သြ ဂုဏ်ယူလေးစားစရာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက်
အမှန်တကယ်ပေးဆပ်နေသူ ရဟန်းရှင်လူ အပေါင်းကို အစဉ် လေးစားဂုဏ်ယူ ဦးညွှတ်လိုက်ပါသည်။





"ငါတို့ကို ချည်နှောင်ထားတဲ့ နှောင်ကြိုးတွေကို ဖြတ်ပစ်ရမယ်။
မတရားမှု မှန်သမျှ အန်တုတိုက်ဖျက်ရမယ်။"


ကဗျာကဝေ မောင်ဒေါင်းဝေ



ကျွန်တော်တို့ GW (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ) မှ နေ၍ မတရားမှုတွေကို တော်လှန်တဲ့ ကဗျာ စုလေး ပါ

စစ်စနစ် ဆိုး အရိပ်အောက် က ပြည်သူတွေရဲ့ မျက်နှာတွေ ကိုယ်စား ဖတ်သူအားလုံးလဲ ထပ်မျှ ခံစားပေးနိုင်ကြပါစေ

လေးစားစွာဖြင့် ...၊၊

မှတ်ချက် ၊၊ ၊၊ပြန်လည် ဖြန့်ဝေပေးခြင်းဖြင့် တရားမှုအတွက် သဲတစ်ပွင့်အဖြစ်ပါဝင်နိုင်ပါ သည် ၊၊

" စစ်အာဏာရှင်၏ တရားမမျှတသော၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကြ "


www.generationwave.org

www.gwave-network.co.cc