ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ ဆွမ်းဆက်ကပ် လှူဒါန်းပွဲနှင့် အလှူငွေ ရေစက်ချပွဲ...
ယနေ့ ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ပွဲ ဆွမ်းကပ်လှူပွဲနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လှူဒါန်းတဲ့ မွေးနေ့အလှူရေစက်ချပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနား၌ ဆရာတော်ဦးဓမ္မဇောတိအား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အားရည်စူး၍ ဆွမ်းဆပ်ကပ် လှူဒါန်းကြပြီး ဆရာတော်မှ မွေးနေ့ဆွမ်း လှူဒါန်းရခြင်း အနုမောဓနာတရားများ ဟောကြားတော်မူပါတယ်။ မွေးနေ့ရှင်အား ရည်စူး၍ ဆုတောင်း မေတ္တာဘာဝနာများ ရွတ်ဖတ်ပေးတော်မူပါတယ်။
ထိုနောက် ဂျပန်နိုင်ငံရောက် စေတနာရှင် မြန်မာနိုင်ငံသားများ လှူဒါန်းတဲ့ နာရေးကူညီမှုအသင်း အတွက် အလှူငွေ ကျပ်(၁၂)သိန်းနှင့် HIV/AIDS ဝေဒနာရှင်များအတွက် အလှူငွေ ကျပ်(၆)သိန်း(၅)သောင်း အားရေစက်သွန်းချ အမျှပေးဝေပေးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။