ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ.....

“ဆည်းဆာရိပ် ရဲ့သုခ”

အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေကြသော ဂီလာန ဘိုးဘွားများအား ကြင်နာစွာဖြင့် ၎င်းတို့ အသက်ရှင် နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားအထိ ၎င်းတို့ အပေါ်တွင် နားလည် စာနာစိတ်၊ သည်းခံစိတ်တို့ဖြင့် ပြုစုယုယပေးနေသည့် “ဆည်းဆာရိပ်” ဂီလာနဘိုးဘွားများဧ။် ကျန်းမာရေးကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် တစ်ပတ်တစ်ကြိမ် လာရောက် စစ်ဆေးကုသ ပေးလျှက်ရှိရာ . . . ရောက်ရှိလာသော ဘိုးဘွားများအား နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဆေးခန်းမှ ဆရာဝန်များ၊ လူမှုရေးသမားများ၊ လုပ်အားပေး လူငယ်လူရွယ်များမှ နွေးထွေးကြင်နာစွာဖြင့် ကြိုဆို ဖေးမကာ ပေးဆပ်လျှက် ရှိပါကြောင်း . . . . ။

Rapper များမဟုတ်သော F.F.S.S တိုက်စစ်မှူးများ

၂၅.၆.၂၀၁၀ (သောကြာ)နေ့ နံနက် (၈း၃၀) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၇) ရက် သားသမီးတို့၏ နာရေးကိစ္စအ၀၀ကို နေပူ မိုးရွာမရှောင် အရိုးကျေကျေ အရေခမ်းခမ်း ပေးဆပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့တန်း တိုက်စစ်မှူးများဖြစ်ကြသော ယာဉ်မောင်း ယာဉ်နောက်လိုက်တို့အား မိုးတွင်းကာလ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရန်အတွက် ဥက္ကဌ ဦးကျော်သူမှ မိုးကာ ဂျာကင်များကို ဝေငှခဲ့ပါသည်။

ဓါတ်ပုံများကို ကြည့်ရှုပြီး သူတို့အား Hip Hop အဆိုတော်များ၊ Rapper များဟု မထင်စေချင်။ သူတို့သည် ပြည်သူလူထုအတွက် သူတို့တွင်ရှိသော ခွန်အား၊ လုံ့လ၊ ၀ီရိယအား တို့ဖြင့် ပေးဆပ်နေ ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) / F.F.S.S. (Free Funeral Service Society)၏ အမာခံ ရှေ့တန်း တိုက်စစ်မှူးများပင် ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကောင်းသတင်း၊ ဂုဏ်သတင်းသည် သူတို့၏ စွမ်းဆောင်ချက်များ၊ ပေးဆပ်မှုများ၊ အနစ်နာခံမှုများ၊ ရိုးသားမှုများ၊ သီလလုံမှုများပေါ်တွင် မူတည်တော့သည်။