ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့တွင်း မြို့နယ်အချို့၌ ပိုစတာကမ်ပိန်း လှုပ်ရှားမှုများ ပြုလုပ်....

2010 poster campaing
ရန်ကုန်မြို့တွင်း ကားမှတ်တိုင်တွေမှာ ကပ်ခဲ့တဲ့ ပိုစတာပုံပါ။
မနေ့က ရန်ကုန်မြို့တွင်း မြို့နယ်အချို့၌ ပိုစတာကမ်ပိန်း လှုပ်ရှားမှုနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များအား အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနိုင်ငံ သာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံ အရှင်ဓမ္မရာဇာက ဆက်သွယ် ပြောကြားလာပါတယ်။

ဦးဇင်းတို့ ဒီနေ့ ပိုစတာကမ်းပိန်းကို ရန်ကုန်မြို့တွင်း မြို့နယ်အချို့မှာ ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ဒေါက်တိုင်များအား......... ဆန့်ကျင်တိုက်ခိုက်ကြ။ ၂၀၁၀ရွေးကောက်ပွဲအား...... ဆန့်ကျင်တိုက်ဖျက်ကြ။ စစ်အုပ်ချုပ်ရေးအား ..... ဆန့်ကျင်တိုက်ပွဲဝင်ကြ။ စစ်အာဏာရှင် ချုပ်ငြိမ်းရေးသည် ... မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည်။ We Want Democracy..... Freedom From Fear စတဲ့ အချက်တွေပါတဲ့... ပိုစတာတွေကို ရန်ကုန်မြို့ လူစည်ကားရာ ကားမှတ်တိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး.. ရုံးများနဲ့ အနီးဆုံး နေရာတွေမှာ ကပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာဆိုရင် ဗိုလ်တစ်ထောင်၊ ပန်းပဲတန်း၊ လသာ၊ ကျောက်တံတား၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ ၊တောင်ဥက္ကလာ ၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ စမ်းချောင်းနဲ့ အလုံမြို့နယ်... တွေမှာ ပြုလုပ်ခဲ့ပါတယ်။ ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း ၄၁မြို့နယ် မှာလုပ်ဖို့ စဉ်းစားထားပါတယ်။ ဒီနေ့အထိတော့ ၂၃မြို့နယ်မှာ အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း အဆက်အသွယ်ရပါတယ်။ တခြားမြို့နယ်တွေမှာ ဒီနေ့မလုပ်ဖြစ်တောင် တခြားအဆင်ပြေတဲ့ နေ့တွေမှာ လုပ်ဖို့ စီစဉ်ထားပါတယ်။

ဒီနေ့လုပ်ရတာ အထူးကို အားရပါတယ်။ ပန်းပဲတန်းမှာ ဆိုလူတွေ လူတွေ ဝိုင်းအုံကြည့်လာလို့ ဦးဇင်းတို့ အမြန်ပြန်ထွက်ခဲ့ရပါတယ်.။ နောက်ဦးဇင်းတို့ ကြံခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေကိုလည်း အိတ်ဖွင့်ပေးစာတွေ ပို့ပါတယ် ။ အဲ့ဒီအိတ်ဖွင့်ပေးစာကို နောက်ပို့ပေးလိုက်ပါမယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့လည်း တတ်နိုင်တဲ့ ဘက်က စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ ဦးဇင်း တိုက်တွန်းလိုပါတယ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာနိုင်ငံ သာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံ အရှင်ဓမ္မရာဇာက ဆက်သွယ် ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်အစိုးရ ဆန်ကျင်ရေး လှုပ်ရှားသူ မြေအောက် အဖွဲ့အစည်းမျာဟာ စစ်အာဏာရှင်တွေကို အခြေအနေ ပေးလျှင်ပေးသလို တိုက်ခိုက် တွန်းလှန်မှုတွေကို မကြာခဏ ပြုလုပ်နေပါတယ်။ စစ်အစိုးရရဲ့ ထောက်လှမ်းရေးများ.. သတင်းပေးများ.. ကြံ့ဖွံ့စွမ်းအားရှင်များ ရှိနေတဲ့ ကြားမှပင် မကြောက်မရွံ့ အနစ်နာခံပြီး တိုက်ပွဲ ဝင်နေကြပါတယ်။ တစ်တစ်ရံ စစ်အစိုးရရဲ့ ဖမ်းဆီးမှုတွေ ခံရပြီး အာဏာရှင်တွေရဲ့ နာမည်ကြီး စစ်ကြောရေးစခန်းများ၌ နှိပ်စက်ညှင်းပန်းမှုများ၊ ကြီးလေးတဲ့ နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ ကြုံရပေမယ့်လည်း.. တွန့်ဆုတ် ရပ်ဆိုင်းသွားခြင်းမရှိပဲ ဆက်လက်တွန်းလှန် တိုက်ပွဲဝင်နေကြတာတွေကို လေးစားဖွယ်တွေ့မြင်ရပါတယ်။