ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

KNLA နဲ့ SPDC တိုက်ပွဲရုပ်သံပါ..

နှလုံးအားနည်းသူများ မကြည့်ပါရန်.. ကြိုတင် သတိပေးအပ်ပါသည်။

ဒီဗီဒီယို ရုပ်သံကို ကြည့်ပြီး အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း စံနစ်ဆိုးတစ်ခုရဲ့ အောက်မှာ အသက်တွေ စတေးနေရတာပါ။ စံနစ်ဆိုးရဲ့ သားကောင်တွေ ဖြစ်နေရတာပါ။ ကျွန်တော်တို့ မြန်မာပြည်သားအချင်းချင်း စည်းလုံးညီညွတ်စွာ လက်တွဲ အတူတူ နေထိုင်နိုင်မယ့် ငြိမ်းချမ်းတဲ့ စစ်မှန်တဲ့ စံနစ်တစ်ခု အမြန်ဆုံး ပေါ်ထွန်းနိုင်အောင် ကြိုးစားလုပ်ဆောင်ဖို့ အချိန်ရောက်နေပါပြီ။ အမိမြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

ပေးပို့လာတဲ့ ကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်။