မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ...
မဟာရန်ကုန်မြို့ရဲ့လမ်းမပေါ်က ဓာတ်ပုံ မှတ်တမ်းလေးတွေပါ .. ပေးပို့လာသူကတော့ ပြည်သူအတွက် ရဲရဲတောက် ဘားမားပါပါရာဇီပါ...
အရှေ့မှာ မြန်မာပြည်ရဲ့ အမြင့်ဆုံး အဆောက်အဦး Trader Hotel ပုံနဲ့ အခြေခံလူတန်းစား ဆိုက်ကားသမားလေးရဲ့ ဘဝပါ.. Trader Hotel ရဲ့ တည်းခိုခန်းတွေထက် သူရဲ့ဆိုက်ကားပေါ်က ဘုံဗိမာန်က ပိုသာတယ်လေ...
ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတည်ထောင်မယ့် ကျွန်တော်တို့တတွေ မွေးဖွားကြီးပြင်းခဲ့တဲ့ မဟာရန်ကုန်မြို့ကြီးပါ.. အနှစ်(၂၀)ကျော်အတွင်း ဘာတွေ ပြောင်းလဲတိုးတက်တယ်..ဆိုတာ ကတော့ အားလုံးအသိပါပဲ။ သယံဇာတတွေ ရောင်းလို့ရတဲ့ နိုင်ငံခြားငွေ ဒေါ်လာဘီလီယံပေါင်း များစွာထဲက တချို့တဝက် ကိုပြည်သူအတွက် အသုံးပြုပေးရင်တောင်.. သာဓုခေါ်ကြမှာပါ.. အခုတော့..... သုံးတော့ သုံးပါတယ်။ မေတ္တာတရားအရင်းခံတဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ တိုင်းပြည်မှာ ပါဏာတိပါတာကံ ထိုက်စေမယ့် လူသတ်လက်နက် အတွက် နိုင်ငံခြားငွေ မြောက်များစွာ အသုံးပြုနေကြတယ်ဆိုတာ ကြားလို့မှ ကောင်းကြပါရဲ့လား...။