ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ၊၊ထိုင်း၊မလေးရှား၊ဂျပန်နဲ့ သြစတြေးလျားနိုင်ငံတွေမှာ ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ အခမ်းအနားများ....

ဓာတ်ပုံများ ပေးပို့ပေးတဲ့ ကိုနစ်နေမန်း၊ ကိုရွှေနန္ဒတို့အား ကျေးဇူးတင်ပါသည်။

ပေးပို့လာသူ Ashin Monk အားကျေးဇူးတင်ပါသည်။(ထိုင်း)

ဓာတ်ပုံ... DMWY(ဲဂျပန်)


ဓာတ်ပုံ .. ပေးပို့လာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။(သြစတြေးလျား)


ဂျပန်နိုင်ငံ ကုလသမဂ္ဂရုံးရှေ့မှာ ကျင်းပပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သပွဲ အခမ်းအနား(ရုပ်သံ)
ပေးပို့ပေးသူ အကိုကြီးကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်။

Amnesty International (မလေးရှား) မှ ကျင်းပပြုလုပ်တဲ့ ( ၆၅) နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနား

မလေးရှားအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) မှ ကြီးမှူး၍ မြန်မာ့ဒီမို ကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကို ၁၈ ရက်နေ့ညက ကွာလ လန်ပူမြို့လယ်ရှိ Bar Auditorium တွင် ပြုလုပ်ကျင်းပခဲ့သည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲတွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (မလေးရှား) မှ ဒါရိုက်တာ နိုရာမူရတ် (Nora Murat)၊ မလေးရှား Bar Council ၏ လူ့အခွင့်အရေးကော်မတီ၏ ဥက္ကဌ အင်ဒရူး ခိုးခ် (Andrew Khoo)၊ မလေးရှားလူမှုအဖွဲ့အစည်းကြီးတစ်ခုဖြစ်သော SUHARAM မင်းကြီး မစ္စ တာဂျိမ်း ဒီဗာ နာယကန် (Jame Deva Nayagam) တို့ တက်ရောက်ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာဒုက္ခသည်များအစည်းအရုံး (Burma Refugee Organization) မှ ဒေါ်နန်းမို့မို့ခိုင် မှ ဒေါ်အောင် ဆန်းစုကြည်၏ ဂုဏ်အရည်အချင်း နှင့် မွေးနေ့ဆုတောင်းသ၀ဏ်လွှာကိုလည်းကောင်း၊ မလေးရှားအခြေစိုက် အမျိုးသားဒီမိုကရက်တစ်ပါတီ (NDP) ၏ အထွေထွေအတွင်းရေးမှူး မိုဟာမက် ဆာဒစ် တို့မှ မြန်မာနိုင်ငံရေး အခြေအနေများကို ဖတ်ကြားခဲ့သည်။

အဆိုပါ မွေးနေ့ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား)၊ လူ့ဘောင်သစ်ဒီမိုကရေစီပါတီ (မလေးရှား)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး နှင့် မလေးရှားနိုင်ငံခြားသံရုံးမှ ကိုယ်စားလှယ်များအပါအ၀င် အခြားဖိတ်ကြားထားသော ဧည့်သည်တော် ၂၀၀ ကျော်လောက် တက်ရောက်ခဲ့သည်။ မွေးနေ့ပွဲတက်ရောက်သူ များကို ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုသီချင်းများ၊ လူ့အခွင့်အရေးသီချင်းများကို အဆိုတော် ထက်အောင်ရှိုင်း၊ Burma Refugee Organization (BRO) ကျောင်းမှ ကျောင်းသား / သူများက သီဆိုဖျော်ဖြေခဲ့သည်။ ထို့ပြင် မလေးရှားလူငယ်ဂီတသမားများမှ ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုကဗျာ နှင့် သီချင်းများကို တီးခတ်သီဆိုပြီး ဖျော်ဖြေခဲ့သည်။

ပေးပို့ပေးသူ ညီငယ် ခမိခဆဲ..