ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အာဇာနည်နေ့ အထိမ်းအမှတ် AGMP ကဗျာဆရာများ သစ်ပင်စိုက်ပျိုး.. (သတင်း၊ ဓာတ်ပုံ, )..



အာဇာနည်နေ့ အထိမ်းအမှတ် AGMP ကဗျာဆရာများသစ်ပင်စိုက်..

ဇူလိုင်လ ၁၉ရက် မနက်ပိုင်းမှာ မြန်မာကဗျာဆရာ ၂၅ဦးက မြောက်ဒဂုံမြို့နယ်ရှိ ဓမ္မစေတီ ကျောင်းတိုက်ဝင်း အတွင်းတွင် ကွယ်လွန်ပြီး ကဗျာဆရာများကို ရည်းစူးပြီး.. ကဗျာစာဆို သစ်ပင် ၁၉ ပင်ကို ပထမအသုတ်အနေနဲ့.. စတင်စိုက်ပျိုးခဲ့ပါတယ်..။ အေဂျီအမ်ပီ.. ကဗျာဆရာများအနေနဲ့.. ကဗျာဆရာသစ်တောအုပ်ဆိုပြီး.. ကွယ်လွန်ပြီး ကဗျာစာဆို တစ်ရာကျော်၏ အမည်များနဲ့ နှစ်ရှည်ပင်များ အမှတ်တရ စိုက်ပျိုးထိန်းသိမ်း သွားမှာဖြစ်ပြီး... ယခုဇူလိုင် ၁၉ ရက် ၂၀၁၀မှာ ပထမအကြိမ် စတင်စိုက်ပျိုးခြင်း ဖြစ်တယ်လို့ ကဗျာဆရာတစ်ဦးက ပြောပြပါတယ်..။ မနက်ကိုးနာရီခွဲမှာ ဓမ္မစေတီ တိုက်အုပ်ဆရာတော်ထံမှ သီလယူပြီး သီလစင်ကြယ်အောင်တည်ဆောက်ပြီးမှ အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြပါတယ်..။ ရဟန်းစာဆို ၁၁ပါး.. လူစာဆို ၈ဦး စုစုပေါင်း..၁၉ပင်စိုက်ပျိုးခဲ့ပြီး.. မနက်ဆယ်နာရီခွဲမှာ သစ်ပင်များ အားလုံး စိုက်ပျိုး ပြီးစီးခဲ့ပါတယ်...။


--
ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

ပေးပို့လာသူ ကဗျာဆရာ မောင်ဒေါင်းဝေ