(မောင်ဝံသ) ပြောချင်လွန်းလို့ ...
စပိန်နိုင်ငံရဲ့ ပါတီစုံအတွေ့အကြုံ
“I'm still dead!”
Francisco Franco
Francisco Franco
(4 December 1892 – 20 November 1975)
ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများ နယ်တွေဆင်းပြီး အဖွဲ့ဝင်တွေ စုဆောင်းရေး လုပ်နေကြတဲ့သတင်းတွေ ဖတ်ရတယ်။ တချို့လည်း အဆင်ပြေကြတယ်။ တချို့လည်း အဖုအထစ်လေးတွေ ရှိတယ်လို့ကြားရတယ်။ ဘာပဲပြောပြော သူတို့တွေ အလုပ်တော့ လုပ်နေကြပြီပေါ့ဗျာ။ နိုင်ငံရေးပါတီများရဲ့ ဆောင်ရွက်ဖွယ်တွေထဲမှာ (၁) အဖွဲ့ဝင်စုဆောင်းရေး။ (၂) ဖွဲ့စည်းရေး (၃) စည်းရုံးရေး (၄) အောင်နိုင်ရေး ဆိုပြီး အဆင့်လေးဆင့် ရှိတယ်ဗျ။ အဖွဲ့ဝင်များ စုဆောင်းပြီးရင် နယ်အလိုက် အလုပ်အဖွဲ့တွေ ဖွဲ့ရတယ်။ အဲဒီအဖွဲ့တွေက လူထုကို စည်းရုံးကြရပါတယ်။ ဘာအတွက်စည်းရုံး မလဲဆိုရင် မိမိတို့ပါတီရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်ကို ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် သိစေဖို့နဲ့ မိမိတို့ပါတီကို ထောက်ခံအားပေးဖို့ ဖြစ်တယ်။ ထောက်ခံအားပေးတယ် ဆိုရာမှာ ပါးစပ်က ထောက်ခံနေရုံနဲ့လည်း မပြီးဘူး။ မဲဆန္ဒ ပေးရမယ့်အချိန်မှာ ကိုယ်ထိလက်ရောက် ထောက်ခံမဲပေးဖို့နဲ့ တတ်နိုင်သူတွေက ရန်ပုံငွေထည့်ဝင်ကြဖို့  ဖြစ်တယ်ဗျ။ အဲဒီတော့မှ အောင်နိုင်ရေးဆိုတဲ့အဆင့်ကို တက်လှမ်းနိုင်ကြမှာပေါ့ဗျာ။
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ် စာ(၂၂) မှာကာတွန်းဆရာငွေကြည်ရဲ့ ကာတွန်းတစ်ကွက်ပါခဲ့တာ သတိထားမိကြသလား မသိဘူး။`နိုင်ငံရေးပါတီတွေ များတာဘာကြောင့်လဲဟင်` `တစ်ပါတီစနစ်မှာ အနေကြာခဲ့လို့ဖြစ်မှာပေါ့ဟ` ဆိုတဲ့စကားပြောခန်းလေးပါ။ အဲဒါအမှန်ပဲဗျ။ ၁၉၈၈ ခုနှစ် စက်တင်ဘာ၁၈ ရက်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာ အရပ်ရပ်ကိုလွှဲပြောင်း ယူပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြင်ဆင်တဲ့ အနေနဲ့ နိုင်ငံရေးပါတီ တွေတည်ထောင်ခွင့် ဖွင့်ပေးလိုက်တဲ့အခါ ပါတီပေါင်း ၂၃၀ ကျော်ပေါ်ပေါက် လာခဲ့တယ်ဗျ။ အခုတစ်ကြော့ ဒီမိုကရက်တစ်ပါတီ အဖြစ်တစ်ကြော့ပြန် ပြန်ပေါ်လာတဲ့ ဦးသုဝေကြီးတို့လည်း ဒီမိုကရေစီပါတီ ဆိုပြီး မှတ်ပုံတင်ခဲ့တာ မှတ်မိတယ်ဗျာ။
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်
ကမ္ဘာ့ဖလားရှင် စပိန် နိုင်ငံအကြောင်း
ဒီနေရာမှာ အခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပွဲမှာဗိုလ်စွဲသွားတဲ့စပိန် နိုင်ငံအကြောင်းနဲ့ဆက်စပ်ပြီး ပြောစရာ ရှိတယ်ဗျ။ စပိန်နိုင်ငံမှာ ၁၉၃၆ ခုနှစ်က ရီပတ်ဗလီကင် အစိုးရကို ဗိုလ်ချုပ်ကြီးဖရန်ကိုက ပုန်ကန်လို့ ပြည်တွင်း စစ်ကြီးဖြစ်ခဲ့တယ်။ စပိန်ဒီမိုကရေစီအစိုးရ ပြုတ်မကျအောင် ဥရောပနိုင်ငံတွေ က ဗော်လံတီယာတပ်တွေ စေလွှတ်ပြီးတော့ အစိုးဘက်က ပါဝင်တိုက်ခိုက်ပေးကြတယ်။ သို့ပေမယ့်နောက်ဆုံးတော့ ဖရန်ကို နိုင်သွားပြီး ၁၉၇၅ ခုနှစ် သူသေတဲ့အထိ ၃၈ နှစ်လုံးလုံး အုပ်ချုပ်သွားတယ်။ (ဖရန်ကိုအာဏာ သက်တမ်းကြာရှည်လှချည်လားမထင်နဲ့။ ပြည်သူ့ခေတ်ဂျာနယ် အမှတ်၁ က လွတ်လပ်စိုးရဲ့ ကမ္ဘာ့နိုင်ငံရေးဗဟုသုတ ဥာဏ်စမ်းကိုဖတ်ကြည့်တော့မှ ကျုးဘားနိုင်ငံက ကပ်စထရိုကြီးဟာ ၁၉၅၉ကနေ ၂၀၀၉ အထိနှစ်ပေါင်း ၅၀ စိုးမိုးအုပ်ချုပ်ခဲ့တယ်ဆိုတော့ သူ့စံချိန်ကို ဘယ်သူမှမချိုးနိုင်ဘူးပေါ့။)
ဖရန်ကို အုပ်ချုပ်သွားတဲ့၃၈နှစ်လုံးလုံး စပိန်နိုင်ငံမှာ နိုင်ငံရေးပါတီမပြောနဲ့ အလုပ်သမားသမဂ္ဂတောင်ဖွဲ့ခွင့်မရှဘူး။ ဖရန်ကို ဟာ ၁၉၃၇ ခုမှာဖလန်း(Falamge) လို့ခေါ်တဲ့ဖက်ဆစ်ပါတီ တည်ထောင်ပြီးသူသေတဲ့အထိခေါင်းဆောင်သွားတယ်။
ဖရန်ကို အုပ်ချုပ်သွားတဲ့၃၈နှစ်လုံးလုံး စပိန်နိုင်ငံမှာ နိုင်ငံရေးပါတီမပြောနဲ့ အလုပ်သမားသမဂ္ဂတောင်ဖွဲ့ခွင့်မရှ
ဒီမိုကရေစီကို မုန်းလိုက်တာမှ
ဖရန်ကိုကဘယ်လောက်တောင် ဒီမိုကရေစီဝါဒကို မုန်းသလဲဆိုရင် သူမသေခင်ကလေးမှာ အင်္ဂလန်က စပိန်ပြည်ပြေး ဘုရင်ဟောင်း ကွန်စတင်တိုင်းရဲ့ သားဖြစ်သူ ဟွမ်ကားလို့စ် ဆိုသူကို ပြန်ခေါ်ပြီးသူသေရင် စပိန်မှာ ဘုရင်စနစ်ပြန်ထူထောင်ဖို့ စီစဉ်ခဲ့တယ် ။ ပြည်သူလူထုဟာ ဘာမှရင့်ကျက်တာ မဟုတ်ဘူး။ သူတို့ကိုအုပ်ချုပ်မည့်သူကို သူတို့ကိုယ်တိုင်က ရွေးချယ်ဖို့ဆိုတဲ့ ပိုင်ခွင့်နဲ့ မထိုက်တန်ဘူးလို့ဖရန်ကိုက သဘောထားရှိတယ်။ သူလိုလူမျိုး သို့မဟုတ် ရှင်ဘုရင်တစ်ယောက်ယောက်က ဇိကုတ်ပြီး နတ်ပြည်တင်ခြင်းသာလျှင် အကောင်းဆုံးအုပ်ချုပ်ရေးစနစ်လို့  ယုံကြည်တယ်။ သည်လိုနဲ့ သူ့ဘာသာ အင်္ဂလန်မှာ အေးအေးဆေးဆေး သာမာန်လူဘ၀နဲ့နေထိုင် နေတဲ့ ဟွမ်ကားလို့စ် မင်းသားဟာ စပိန်ပြည်ကိုပြန်လာပြီး ဖရန်ကိုသေရင် ဘုရင်လုပ်မယ့် ပုဂ္ဂိုလ်အဖြစ်စောင့်နေခဲ့ရတယ်။
Europe cannot confine itself to the cultivation of its own garden.
Juan Carlos
Juan Carlos
Juan Carlos (22 November 1975 – present)
ဖရန်ကို သံပတ်တွေပြန်လျော့
တော်သေးတာပေါ့။ ဟွမ်ကားလို့စ်က အင်မတန် အမြော်အမြင် ကြီးမားသူဖြစ်တယ်။ ဖရန်ကို သေပြီးပြီးချင်း ဘုရင်ဖြစ်လာပေမယ့် ဖရန်ကိုလို သံပတ်မတင်းဘူး ဖရန်ကို ကျပ်ခဲ့တဲ့ သံပတ်တွေကိုတောင် ပြန်လျှော့ပစ်တယ်။ ဖရန်ကိုလက်ထက်မှာ လုံးဝစိတ်မကူး ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုရေးဆွဲပြဌာန်းတယ်။ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပေး တယ်။ ဒါနဲ့ပဲ ကွန်မြူနစ်ပါတီ ဆိုရှယ်လစ်ပါတီ အပါအ၀င် ပါတီစုံပေါ်လာတယ်။ ပါတီပေါင်း ၂၀၀ကျော်တာပဲဗျ။ ပထမဆုံးအကြိမ်ရွေးကောက်ပွဲလုပ်တော့ ဆိုရှယ်လစ်ပါတီက အမတ်နေရာ အများစုရပြီး အစိုးရဖွဲ့နိုင်ခဲ့တယ်။ ကွန်မြူနစ်အချို့လည်းအစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တယ်။
နိုင်ငံရေးအကဲခတ်တွေမျက်စိလည်ရော
အဲဒီနှစ်ပိုင်းတွေမှာ ကျွန်တော်က မြန်မာ့အလင်းသတင်းစာမှာ အယ်ဒီတာ လုပ်နေပါတယ်။ နိုင်ငံခြား သတင်းတွေကနေ စပိန်နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ သတင်းတွေကို တအံ့တသြ လေ့လာခဲ့ရတယ်။ ဘယ့်နှယ်ဗျာဖက်ဆစ်ကြီးဖရန်ကို ကွယ်လွန်တဲ့ သတင်းကလည်း ထိပ်တန်းကမ္ဘာ့ သတင်းကြီးဖြစ်ခဲ့။ ပြီးတော့ ရှင်ဘုရင်တစ်ယောက်နန်းတက် အဲဒီဘုရင်က အံ့သြလောက်အောင် တော်တည့်မှန်ကန်သူဖြစ်နေ။ သူ့ကိုဘုရင်ဖြစ်အောင် နန်းတင်ပေးခဲ့တဲ့ဖရန်ကိုကြီး အမုန်းတီးဆုံး ဒီမိုကရေစီစနစ်ကို စပိန်နိုင်ငံမှာ ဗြုန်းစားကြီး သွတ်သွင်းလိုက်တယ် ဆိုတော့ နိုင်ငံရေးအကဲခတ်တွေ မျက်စိလည်စရာတောင် ဖြစ်ကုန်တယ်ဗျ။
သို့ပေမယ့်ပါလီမန်လွှတ်တော်တွေ ဘာတွေ ပေါ်လာပြီး နှစ်ပေါက်အောင် မကြာသေးဘူး ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ယောက်က ခေါင်းဆောင်ပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဖြစ်ရပ်ဖြစ်ခဲ့သေးတယ်။ ဘုရင်ဟွမ်ကားလို့စ်က အသံလွှင့်မိန့်ခွန်း ပြောပြီးအာဏာသိမ်းဖို့ကြိုးစားသူတွေကို လက်နက်ချခိုင်းတယ်။ အာဏာသိမ်းဖို့ ကြိုးစားသူတွေကို စစ်တပ်ကမထောက်ခံဘဲ ဘုရင့်အမိန့်ကို နာခံလိုက်တဲ့အတွက် အဲဒီအုပ်စု လက်နက်ချခဲ့တယ်။ ဘုရင်က သူတို့ကို နောက်နောင်ဒီလိုမလုပ်နဲ့လို့ပြောပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ အဲဒီကတည်းက စပိန်နိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်လာခဲ့တာ ခုဆိုကြီးထွား ဖွံ့ဖြိုးလာတဲ့ အဆင့်ရောက်နေပြီဗျ။ ကမ္ဘာ့ဖလားဆွတ်ခူးသွားတဲ့ စပိန်အသင်းကိုကြည့်ရင်း အတွေးနယ်ချဲ့ခြင်း ဖြစ်ကြောင်းပါဗျာ။
ပေးပို့ပေးလာတဲ့ KSL နှင့် ဓာတ်ပုံများ ပေးပို့ပေးသူ ညီငယ် အလင်းဆက် တို့အားကျေးဇူးတင်ပါသည်။
ပေးပို့ပေးလာတဲ့ KSL နှင့် ဓာတ်ပုံများ ပေးပို့ပေးသူ ညီငယ် အလင်းဆက် တို့အားကျေးဇူးတင်ပါသည်။