ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပေါ် ပြူလာဂျာနယ်ကတော့ယနေ့မှစ၍ထုတ်ဝေမှုရပ်ဆိုင်းခံရ, ပြည်သူ့ခေတ်ဂျာနယ်က ယနေ့မှာမိတ်ဆက်ပြီးတော့စတင်ထုတ်ဝေ၊

Popular Journal
ထုတ်ဝေမှုတစ်ပတ်ခန့်အပိတ်ခံရသော ၁၃နှစ်သား ပေါ် ပြူလာဂျာနယ်

ွှThe People's Age
ယနေ့မှစ၍ ထုတ်ဝေခွင့်ရခဲ့သော ပြည်သူ့ခေတ်ဂျာနယ်

ပည်သူ့ခေတ်ဂျာနယ်က ယနေ့မှာမိတ်ဆက်ပြီးတော့စတင်ထုတ်ဝေ၊

ပေါ် ပြူလာဂျာနယ်ကတော့ယနေ့မှစ၍ထုတ်ဝေမှုရပ်ဆိုင်းခံရ

ဆရာဖေမြင့်၊ဆရာမောင်ဝံသတို့ ဦးစီးပြီးထုတ်ဝေသော (ပြည်သူ့ခေတ်) အမည်ရှိဂျာနယ် စတင်ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်တွင်ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)ရှိ မစ္စတာဘရောင်းကဖီး၌ ကျင်းပခဲ့ပါသည်။ ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေး သဘောတရားများကို ဦးစားပေးဖော်ပြထားသော ဂျာနယ်တစ်စောင် ဖြစ်ကြောင်း ဆရာဖေမြင့်နှင့် ဆရာမောင်ဝံသတို့မှ အခမ်းအနား တက်ရောက်လာကြသော သတင်းနှင့်စာနယ်ဇင်း မီဒီယာများသို့ ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါဂျာနယ်သစ် မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာပေနှင့် စိစစ်ရေးမှ တာဝန်ရှိသော ပုဂ္ဂိုလ်ကြီးများအနက်မှ မကြာသေးမီကမှ ဥက္ကဌဖြစ်လာသူဗိုလ်မှုးကြီးတင်ခ(တက္ကသိုလ်တင်ခ)နှင့် ဆရာဟိန်းလတ် တို့နှစ်ဦးလောက်သာ တက်ရောက် လာကြောင်း သိရပါသည်။ ပြည်သူ့ခေတ်ဂျာနယ်ကို ဦးစီးပြီးထုတ်ဝေကြသော ဆရာကြီးများအား သိလိုသည်များကို မေးမြန်းခဲ့ရာ (ကျွန်တော်တို့ထုတ်တဲ့ ဂျာနယ်က နိုင်ငံရေးဗဟုသုတ အသိပညာပေးဂျာနယ် တစ်စောင် သက်သက်ပါ။ ကျွန်တော်တို့ ဒီဂျာနယ်ကနေ ၀ါဒဖြန့်တာတို့၊ လှုံ့ ဆော်တာတို့မလုပ်ပါဘူး။ ပြည်သူတွေ၊ စာဖတ်သူတွေကို နိုင်ငံရေး အသိပညာပေးရုံ စေတနာပါ။ ဒါပေမဲ့ဗျာ တချို့ အကြောင်းအရာ တကယ်ကောင်းတဲ့ စာတွေပေါ့လေ စိစစ်ရေးက ဖြုတ်ပစ်တယ်ဗျာ။ ဒီ့အတွက် ကြိုးစားထားရတဲ့ ကျွန်တော်တို့ စိတ်မကောင်းရုံ သက်သက်ကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူးလေ)ဟု ဆရာကြီးတစ်ဦးမှ ဖွင့်ဟပြောကြားသွားခဲ့ပါသည်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေး အသိုင်းအ၀ိုင်းအတွင်းမှ (၂၄.၆.၁၀)နေ့က (၁၃)နှစ်ပြည့်မြောက်ခဲ့သော ပေါ်ပြူလာဂျာနယ်အား မြန်မာနိုင်ငံစာပေနှင့် စိစစ်ရေးမှ တစ်ပတ်ခန့် ဂျာနယ်ထုတ်ဝေမှုကို တားမြစ် ပိတ်ပင်လိုက်သည် ဆိုသောသတင်းကို ကြားသိခဲ့ရပါသည်။ ထိုသတင်းအား အနည်းငယ် မေးမြန်းကြည့်ရာ ပေါ်ပြူလာဂျာနယ်အား ထုတ်ဝေမှု တားမြစ်လိုက်ခြင်းမှာ မည်သို့သော အကြောင်းပြချက်မှန်း မသိရပါဟု စာပေစိစစ်ရေးမှ ၀န်ထမ်းတစ်ဦးက ပြောကြားသွားခဲ့ပါသည်။

မာဃ၀ိဇ္ဇာ

သတင်း ဓာတ်ပုံ ပေးပို့လာသူကတော့ ကျွန်တော်တို့ရဲ့ (မာဃ၀ိဇ္ဇာ) ကြီးပါ...။