ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်ဋ္ဌာနခွဲ ဖွင့်လှစ်ခြင်း အခမ်းအနား) (ဓာတ်ပုံ၊ရုပ်သံ)


ရုပ်သံ ပေးပို့လာတဲ့ ကိုမောင်သော်နှင့် ကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်။
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်ဋ္ဌာနခွဲ) ဖွင့်လှစ်ခြင်း အခမ်းအနား ကို ယနေ့နေ့လည် (၁)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ ဂျပန်နိုင်ငံ အိုချနိုမီဇုရှိ ဂျပန်နိုင်ငံအလုပ်သမား အဖွဲ့ချုပ် Rengo ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ယခင် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း((ဂျပန်ဋ္ဌာနခွဲ)(ISO)အား ကနေဒါနိုင်ငံမှ ရောကရှိနေတဲ့ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဆရာတော် ဦးကောဝိဒမှ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်ဋ္ဌာနခွဲ ) အဖြစ်ပြောင်းလဲ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး နမောဿတနှင့် ငါးပါးသီလ ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ထို့နောက် ဆရာတော် နှစ်ပါးမှ ရုံးခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လက်ရှိ မြန်မာနိုင်ငံ အခြေအနေတို့အား သြဝါဒကထာ များမိန့်ကြား ချီးမြှင့်တော်မူပြီး တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများမှ အမှာစကားများ ပြောကြားကြပါတယ်။ ဆက်လက်ပြီး ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနား၌ (၁) ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြောင်း၊ (၂) ၂၀၁၀ စစ်အစိုးရမှ တဖက်သတ် ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊ (၃) ၁၉၉၀ရွေးကောက်ပွဲ ကိုဆက်လက်အသိအမှတ် ပြုကြောင်း (၄) ရွေးကောက်ပွဲ မဝင်ရန်ဆုံးဖြတ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ခြွင်းချက်မရှိ ထောက်ခံကြောင်း (၅) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး ခံထားရသော နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုချက်များ ချမှတ်ခဲ့ပါတယ်။

ယနေ့အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ (၃၀)ကျော်ခန့်တက်ရောက်ခဲ့ပြီး ဗုဒ္ဓသာသနာစိရံသိတ္တု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်.။

သတင်း၊ ဓာတ်ပုံ. ဒီမိုဝေယံ