ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်က လာတဲ့စာ....

Traffic police
လောလောဆယ်တော့ ရန်ကုန်မှာက ဘယ်သူ့ အဖေခေါ်ရမှန်း မသိဘူး ... မြို့တော်ဝန်ကလဲ သူ့လိုင်းနဲ့သူပေါ့ ကျန်တဲ့သူတွေကလဲ သူ့လိုင်းနဲ့သူ လှုပ်ရှားနေကျတာ... တိုးတိုးတိတ်တိတ်ပဲ လမ်းကြောင်းရှိတယ် ... လမ်းပေါ်မှာ စားပွဲတွေခင်းတာ စားသောက်ဆိုင်တွေပေါ့ဗျာ... အဲဒါမခင်းရဘူး ရွေးကောက်ပွဲ ကာလဖြစ်တဲ့အတွက် ..လူကြီးလမ်းကြောင်း အချိန်မရွေးလာမယ်ပေါ့ဗျာ... အဲတော့ လမ်းဘေးဈေးသည်တွေ စားသောက်ဆိုင် တွေတော့ နဲနဲအခက် အခဲတွေ့တယ်.. မြို့ထဲမှလဲ ဆိုက်ကားတွေ မ၀င်ရလုပ်နေတယ်.. နေ့ဘက်ဆို ခိုးနင်း နေရတယ်။ အခုကဖမ်းမိရင် ဒဏ်ငွေ ၅သောင်း အလကားအဓိပ္ပါယ်မရှိဘူး ဖမ်းရင် တစ်ခါထဲဖမ်း ဆိုက်ကားသိမ်းပေါ့။ အခုတော့တွေ ပိတ်နေပြီလေ... ကားတွေဆီက သိပ်မရတော့ဘူးလေ.... အဲဒီတော့ ဆိုက်ကားဖက် လှည့်တာပေါ့... နောက်ဆို လမ်းလျှောက်တဲ့ လူတွေအလှည့် လာမယ်ထင်တယ်။

ကားသမားတွေလဲ စည်းကမ်းတော်တော်လေး ရှိလာတော့ ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့ ကလဲ ၀င်ငွေမကောင်းတော့ဘူး .... မီးပွိုင့်နဲ့ပေါင်းပြီး... အကြံအဖန်လုပ် ကားဖြတ်တော့မှ မီးကို ၀ါလိုက်ပြီး ရှေ့ကနေ ပိတ်ဖမ်းပေါ့ဗျာ... စည်းကမ်းနဲ့ မောင်းနေတဲ့ကားတွေကို တမင်ကို ညစ်ပတ်စုတ်ပဲ့တာ... ဟိုတစ်ရက်က မြန်မာ့အသံနားမရောက်ခင် အင်းစိန်ဘက်ကလာရင် နာနတ်တောမီးပွိုင့် အကျော်ပေါ့ ... အဲမှာ ယာဉ်စည်းကမ်းထိန်းသိမ်းမဲ့ နွား ၃ကောင်က အကွယ်ကစောင့်တယ်... နာနတ်တော် မီးပွိုင့်ကိုင်တဲ့ရဲက ၄၈ ကားကြီး ကမီးစိမ်းလို့ အဖြတ်မှာ မီးကို ၀ါတယ်...နီတယ် အဲတော့ ကားကဖြတ်ပြီးနေပြီလေ တိုင်ကွယ်တဲ့နွားသုံးကောင်က ထွက်လာပြီး ထုံးစံအတိုင်းပဲဗျို့ ဘာညာဘာညာပေါ့ အဲဒါမျိုးတွေ ကနေရာတိုင်းမှာ ဖြစ်နေတာဗျာ မြင်မကောင်းပါဘူး.. မီးပွိုင့်ကိုင်တဲ့ ကောင်ကတော့ မဆိုးဘူး .... တစ်ရက်တစ်ရက်ကို မနည်းဘူးရတယ်ဗျ.... လိုင်းကားတစ်စီး ဖြတ်သွားတိုင်း ခင်ရင်ခင်သလို (၂၀၀) ဖြစ်ဖြစ် (၁၀၀) ဖြစ်ဖြစ် ပစ်ချပေးသွားတယ်လေ။ အဲတော့ တစ်နေကုန်ဗျာ အစ်ကိုစဉ်းစားကြည့် တစ်ရက် ဘယ်လောက်ရမလဲဆိုတာ...။

ဓာတ်ဆီဆိုင်ကိစ္စ ပြောအုံးမယ်... သတိရသွားလို့..... ပုဂ္ဂလိကဖြစ်သွားတော့ ဆီသွားထည့်ဖြစ်တယ် အရင်က ဆီဂိတ်လေးကို ကြည့်ထားတယ်။ အလယ်အမှတ်မှာ သွားဖြည့်ရင် ကားက(၆)ဂါလံ ကွက်တိ အခု အပြင်ဆိုင်ဖြစ်တော့... ဒီလိုပဲသွားဖြည့်တာပေါ့ ။ အလယ် အမှတ်လေးနား ရောက်တော့ ၆ဂါလံဆိုပြီး... (၅)ဂါလံကျော်ကျော်လေးပဲ ရှိသေးတယ်။ ဆီတွေပြန်အန်ထွက်လို့ မျက်လုံးပြူးသွားတယ်။ အရင်က နအဖ ဆီဆိုင်တွေ ဘယ်လောက်ခိုးလဲဆိုတာ စဉ်းစားသာကြည့်ပေါ့.... ၆ဂါလံထည့်ရင် တစ်ဂါလံခိုးတယ်။ ဆိုင်မန်နေဂျာက မယားငယ် (၄)ယောက်လောက် ထားနိုင်တယ်။ ဆိုင်မှာပန့်ကိုင်တဲ့ကောင်က အနှိပ်ခန်းသွားနိင်တယ်။

Myanmar Petrol Station

ဓာတ်ဆီဆိုင်တွေ (၆)လပိုင်းကစပြီး တော်တော်များများ ပုဂ္ဂလိကဖြစ်ကုန်ပြီ ကောင်းတော့ကောင်းတယ်။ ဘယ်နေ့ေ-ာက်ကျင့်တွေ ပျက်အုံးမယ်မသိဘူး။ အခုတော့ ကောင်းနေသေးတယ်။ နအဖလိုပဲ နိုင်ငံဘဏ္ဍာနဲ့ ပြည်သူတွေဆီကနေ ဂုတ်သွေးစုပ် ခဲ့တာ.. နှစ်ပေါင်း ၂၀ ဗျာ...။ ဆီဆိုင်မန်နေဂျာတွေ ဒီလောက် ခိုးမယ်မထင်ဘူး။ ခိုးတော့ခိုးတယ်ပေါ့ဗျာ... ဒီလောက်လုပ်မယ် မထင်ထားဘူး ....တစ်ဂါလံကို တစ်ပုလင်းခိုးတယ်...။ ဆီဈေးက အိုကေပါတယ် အရင်ဈေးတွေပဲ... ။ လီတာနဲ့ ဆိုင်တွေကတော့ နည်းနည်းပြောင်းတယ်...။ ဈေးကတော့တူတူပါပဲ.. သိပ်မကွာပါဘူး။ ဒီဇယ် က၃၀၀၀ ၀န်းကျင်.... ဓာတ်ဆီက ၂၅၀၀.. ဆိုင်ဝန်ထမ်းတွေက အရင်ကောင်တွေတော့ မတွေ့တော့ဘူး...။ အသစ်တွေဗျ ဆိုင်တွေက ပိုကောင်းသွားလား။ မခိုးတတ်သေးတဲ့ ကောင်တွေထင်တာပဲ ... ဆီပန့်တွေက ပိုကောင်းတယ်.. digital နဲ့ ဆီ အန်ရင် auto stop... ဆီကတော့.. open type... ၅ဂါလံကျော်ပဲ ဆန့်တော့.... ၆ ဂါလံဖိုးပေးထားရင် ငွေပြန်အမ်းတယ်...

ဆီစာအုပ်တွေတော့ရှိသေးတယ် အရင်က တစ်ရက် ၂ ဂါလံ ၃ ရက်တစ်ခါ ထည့်လို့ရတယ်။ အခုက ဘယ်ဆိုင်မှာထည့်ထည့် အရင်က ကိုယ့်ဆီစာအုပ်မှာပါတယ်လေ.. ဆိုင်ကသတ်မှတ်ထားပြီးသာ အဲမှာပဲထည့်လို့ရတာ အခုကတော့ လမ်းတွေ့တဲ့ဆိုင်ထည့် လောလောရေပွက်ပမာပါဗျာ... သိပ်မထင်ပါဘူး ဒါမျိုးကို...။ ၁၉၉၆ လောက်က လုပ်သေးတယ်.... ခဏပါပဲ သူကအဲဒီတုံးကတော့ ဘယ်လောက်ထည့်ထည့် တစ်လ ဂါလံ၆၀ ထဲက တစ်လ ဘယ်နှစ်ဂါလံ ဆိုတာရှိလား။ ကြိုက်သလောက်ထည့် ဘယ်ဆိုင် ထည့်ထည့်ဆိုပြီး လုပ်တာ အခုကဘယ်ရှိတော့မလဲ ဆိုလိုချင်တာက စာအုပ်တွေက ရှိသေးတယ်။ အဲဒီအတွက် စာအုပ်အရ(၆၀) စာအုပ်မပါပဲ အလွတ်ပြောရင်... ကြိုက်သလောက်ထည့်။ အဲဒီတော့ဗျာ အဆင်မပြေရင် စာအုပ်က ပြန်ဖြစ်အုံးမယ်ဆိုရင်.. ဒါပါပဲဗျာ.... အခုတော့ စာအုပ်လေးတွေက အလကားဖြစ်သွားပြီ ဒါပေမဲ့ ။ သူကလဲ လုံးဝကြီးလက်လွတ် လိုက်လို့မရပြန်ဘူး။ ဒီသောက်သုံးမကျတဲ့ နအဖ လုပ်လိုက်ရင် စောက်တစ်လွဲ ဟိုမလွတ်ဒီမလွတ်နဲ့။ ခုလဲ ဘဏ်တွေဖွင့်အုံးမှာ... မှောင်ခိုတော့ရှိတုန်းပဲ... The land they call is Burma. မှောင်ခိုမရှိရင် မြန်မာမပီသမှာစိုးလို့.. မှောင်ခို လဲရှိတယ်။ မိန်းကလေးတွေရင် ဆိုရင်လည်း ပျက်ဆီးကြတာ အများကြီး။

နောက်မှ ဆက်ရေးပေးဦးမယ်... ကိုဒီမိုရေ ပြောပြန်ရင်လည်း ပြီးမှာ မဟုတ်တော့ဘူး... နအဖခေတ် ဒါတို့တိုင်းတို့ပြည် တို့မြန်မာပြည်လေ..။ ကြာလေ စုတ်ပြတ်လေပဲ.. ဆင်ဖမ်းဖို့မြင်းဖမ်းဖို့ ယတြာချေဖို့ အာဏာတည်မြဲဖို့ပဲ ခေါင်းထဲမှာရှိတယ်။ ပြည်သူတွေအတွက် ဘာမှမလုပ်ပေးနိုင်ဘူး. ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပဲ ကိုယ့်ပြည်သူတွေရဲ့ ငွေတွေပဲ ကုန်နေတာလေ အခုလဲမီးရမယ်ပြောပြန်ပြီ အလွန်ဆုံးခံ တစ်လပေါ့...။ ပြီးရင်ကိုယ်ပြောခဲ့တဲ့စကား ကိုယ်မမှတ်မိလောက်အောင် အရှက်တွေ မရှိကြတော့တာ... ။ ကျွန်တော်တို့ ပြည်သူတွေ ဘဝကတော့ နင်းပြားဘဝတွေပါ.. နောက်မှ နယ်သတင်းတွေထပ်ပို့ပါဦးမယ်။

KSL