ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘာလဲဟဲ့ လူ့ငရဲစာအုပ်နှင့် Freedom From Fear စာအုပ် လက်ဝယ်တွေ့ရှိမှုဖြင့် လူငယ်လေးတစ်ဦး အဖမ်းခံရ..

အဘဦးဝင်းတင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲစာအုပ်
ယနေ့၁၉ ရက်နေ့ နေ့လည် တစ်နာရီခွဲက တာမွေ Shine(ရှိုင်း) ဆံပင်ညှပ်ဆိုင်မှ မောင်နေလင်း အသက် (၁၄) နှစ် အဖ ဦးစံသိန်း ဟာ ပါရမီ ရွှေမန်းသူ ကားဂိတ်မှာ အဖမ်းခံခဲ့ရပါတယ် ။ လူ တစ်ယောက်က ပါဆယ် ပစ္စည်းသွားပို့ခိုင်းတာဖြစ်ပြီး ... ပို့ခိုင်းတဲ့လူကို တော့ မသိရှိလိုက်ရကြောင်း.... လက်ခံတဲ့ လိပ်စာက ထွန်းအောင်ကျော် မျက်မှန်ဆိုင် ကျောက်ပန်းတောင်း မီးသတ်လမ်းဆုံ အေးသာယာ ရပ်ကွက်က ဖြစ်ကြောင်းသိရပြီး ... ပါဆယ်ထုတ်အတွင်းမှာ ပါတဲ့ပစ္စည်းက အဘဦးဝင်းတင်ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်၆ အုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ Freedom From Fear စာအုပ်၅ အုပ်ကို လက်ဝယ်တွေ့ရှိမှုနှင့် ဖမ်းဆီးတာဖြစ်ကြောင်း သိရှိရပါတယ်...။ ဖမ်းဆီးခံရသူဟာ အသက် ၁၄နှစ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Freedom From Fear စာအုပ်
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေဟာ နိုင်ငံရေးလှုပ်ရှား သူတွေကိုသာ ကြောက်ရွံခြင်းမကပဲ.. သက်မဲ့စာအုပ် စာတမ်းများ.. ဓာတ်ပုံများကိုပါ.. ကြောက်ရွံနေကြပါတယ်။ ကိုယ်ကိုယ်ကို မယုံကြည်သည့် အတွက် တွေ့သမျှ အရာရာအားလုံးအား သံသယမျက်လုံးဖြင့် ကြည့်ရှုပြီး မတရားဖိနှိပ် နှိပ်ကွက်မှုတွေ ပြုလုပ်လျှက်ရှိပါတယ်။ ထိုသို့အရာရာကို ဖိနှိပ်ချုပ်ချယ် နှိပ်ကွက်လျှက်ရှိသော စစ်အာဏာရှင်များမှ ယခုနှစ်အတွင်း ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရန် ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု နိုင်ငံတကာသို့ ကြေငြာထားပါတယ်။ သို့ပါသော်လည်း ဒီမိုကရေစီ ကျင့်စဉ်နှင့် လျှော်ညီသော အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းမရှိ လွတ်လပ်စွာပြောဆို ဖော်ထုတ်ရေးသားခွင့် ကိုခွင့်ပြုခြင်းမရှိ.. တိုင်းသူပြည်သူများအား ဒီမိုကရေစီကျင့်စဉ်များအား နားလည်သဘောပေါက်စေရန် လမ်းညွှန်ပေးခြင်းမရှိပဲ ငါ့မြင်းငါ့ဆိုင်း စစ်ကိုင်းရောက်ရောက် ဟူသော စကားပုံအတိုင်း တစ်ပါတီဒီမိုကရေစီစံနစ် ကို လျှောက်လှမ်းနေပါတယ်...။