ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်က လာတဲ့စာ....

ဒလ ရန်ကုန်ကူးနေတဲ့ ကူးတို့လှေတွေပါ.. အသက်ကယ် အကျီင်္တွေ မဝတ်မနေရလို့ ဆိုပေမယ့် စီးနင်းတဲ့ သူတွေက နေပူတာကို ကာကွယ်ဖို့ သုံးပါတယ်တဲ့...(KT)(ပုံကြီးချဲ့ကြည့်ရန် Click))
မပြောင်းလဲသေးတဲ့ ရန်ကုန်သင်္ဘောဆိပ် မြင်ကွင်းတစ်ခု...(KT)
ရန်ကုန်ဆိပ်ကမ်း (ဓာတ်ပုံ.. KT)
ကိုဒီမိုရေ ရန်ကုန်မှာတော့ မျိုးစုံလုပ်နေပြီလေ.. တေဇက..။ ကမ်းနားလမ်းကိုချဲ့မယ် .. သန်လျင်သီလ၀ါကနေ။ .... အခု ကမ်းနားက ဂိုဒေါင်တွေကိုဖျက်တော့မယ်.... ကမ်းနားဈေးရယ် ငါးဈေးရယ်ဖျက်ပြီး.. သီရိမဂ်လာဈေးနဲ့ပေါင်းမယ်ကြားတယ်။ ကမ်းနားလမ်းကို အကျယ်ကြီး ချဲ့ပြီး ဆိပ်ကမ်းမြို့တော်လုပ်မယ်တဲ့ ... လုပ်မယ့်သူက ထုံးစံအတိုင်း တေဇပေါ့... တေဇကလုပ်နေတာ။ သီလ၀ါကနေစဖောက်မယ်။ အခြေအနေကတော့ ဆိပ်ကမ်းတွေ ပါကုန်မယ်ထင်တယ်။ (၂)ထပ် သဘောင်္တွေကိုပါ ဆိပ်ကမ်းရွှေ့ပြစ်မယ့် သဘောတွေရှိတယ်။ နိုင်ငံတော်တစ်ခုလုံးကို လုပ်ချင်သလိုသာ လုပ်သွားကျပါတော့ဗျို့လို့သာ ဟစ်လိုက်တော့မယ်။ သီရိမင်္ဂလာဈေးမှာ စီးပွားရေးသမား ပိုက်ဆံပို့တဲ့ သူတွေကတော့... အပေါ်ထပ်ဆိုင်ခန်းတွေ လိုက်ဝယ်နေတယ်....။ သူတို့က ပြောင်းရင် အောက်ထပ် ပြန်ရမယ်ဆိုတော့ ဈေးကောင်းမယ်လေ ... ရောင်းတဲ့သူလဲရောင်းတယ်။ မရောင်းတဲ့သူလဲ မရောင်းဘူး... မြန်မာပြည်မှာ စီးပွားရေးလုပ်တာ... စီးပွားရေးမဆန်တော့ဘူး။ နအဖဘာလုပ်နေလဲ စောင့်ကြည့်ချောင်းနေ ... ပြီးရင်အချင်းချင်း ဂုတ်သွေးစုပ်တဲ့အလုပ်လုပ်... ။

Tayza
ဓာတ်ဆီဆိုင်လုပ်ပိုင်ခွင့်တွေရထားတဲ့ တေဇနဲ့ ကြံ့ဖွတ်

နောက်ဆုံးတော့ တစ်ယောက်တစ်လှည့် စုပ်ရင်း နိုင်ငံတော်က သွေးမရှိတော့ဘူး .. ဖြူဖတ်ဖြူရော်ဖြစ်.... မြန်မာပြည်မှာ ကိုလိုနီခေတ်က အင်္ဂလိပ်တွေက နိုင်ငံရဲ့ စီးပွားရေးကို ဂုတ်သွေး စုပ်ခဲ့သလို.. အခု သွေးစုပ် ဖုတ်ကောင်ခေတ်မှာတော့.. တေဇ၊ ဦးပိုင်နဲ့ ဗိုလ်ချုပ်တွေပေါ့.. နှစ်ချို့ဖုတ်ကောင်တွေလေ....။ အခုလည်း ဓာတ်ဆီဆိုင်တွေ ဖွင့်ခွင့်ရတာလည်း တေဇနဲ့ အပေါင်းအပါတွေ နောက် ကြံ့ဖွတ်တွေလေ ... ဘာလဲ လူမှုရေးအသင်း... ဆိုပြီး ပါတီထောင်... တစ်ဖက်ကလုပ်ပိုင်ခွင့်တွေရ။ အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီတွေက ဘာလဲဆိုတော့ နအဖရွေးကောက်ပွဲမှာ လူမစုံမှာဆိုးလို့ အဖြည့်ခံနေရတဲ့ ထမင်းသိုးဟင်းသိုးတွေပါ။ သူတို့တွေက သမ္မတ ဘယ်သူလုပ်ဖို့ ဆိုတာ လူတောင်ရွေးပြီးနေပါပြီ... ကျွန်တော်ပြောတာ မယုံရင် စောင့်ကြည့်နေပါအကို... မကြာခင် ဥပဒေတွေ ထပ်ထွက်လာပါဦးမယ်။

ပေးပို့လာသူကတော့ ပြည်တွင်းမှ သတင်းများအမြဲ ပို့ပေးနေတဲ့ KSL ဖြစ်ပါတယ်။