ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပေါ်ပြူလာဂျာနယ် တကယ်ကို ထုတ်ဝေခွင့်မရ...

Popular Journal

၁၃.၇.၂၀၁၀ အင်္ဂါနေ့မှာ အပါတ်စဉ်ထွက်ရှိရမည့် ပေါ် ပြူလာဂျာနယ်ကတော့ ယနေ့တနင်္လာနေ့ ညနေပိုင်းတွင် ဂျာနယ်ဖြန့်ချိရေး ဈေးကွက်တွင်းသို့ ရောက်ရှိလာခြင်း မရှိသည့်အတွက် ထိုသတင်းနှင့် ပတ်သက်ပြီး သွားရောက်မေးမြန်းခဲ့ရာ ပေါ် ပြူလာဂျာနယ် ဖြန့်ချီရေးဌာနမှ အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါသည်။ (ကျွန်တော်တို့ဂျာနယ်က အပိတ်ခံရတာ မဟုတ်ပါဘူး။ အကြောင်း မညီမညွတ်တဲ့အတွက် ထုတ်ဝေမှု ခဏရပ်ဆိုင်း ထားတာပါ။)ဟု ပေါ် ပြူလာဂျာနယ် ဖြန့်ချီရေးဌာနမှ ပြန်လည် ဖြေကြားခဲ့ပါတယ်။ သတင်းအရင်းအမြစ်အား သေချာစွာ စုံစမ်းကြည့်သောအခါ စာပေစိစစ်ရေးမှ ပေါ် ပြူလာဂျာနယ် အား မိမိတို့ဘာသာ အကြောင်း မညီညွတ်သောကြောင့် ထုတ်ဝေခြင်း မပြုပါဟူသော ၀န်ခံချက်စာကို စာပေစိစစ်ရေးသို့ ရေးသား တင်ပြခိုင်းကြောင်း၊ ၉.၇.၂၀၁၀ နေ့ထုတ်ဝေသော BI WEEKLY ELEVEN ဂျာနယ်နှင့် ၁၁.၇.၂၀၁၀ ထုတ် MONITAR ဂျာနယ်တို့တွင် (ပေါ်ပြူလာဂျာနယ်သည် မိန်းကလေး အဖော်၊ အလန်ပုံများ ထည့်သွင်းဖော်ပြသည့် အတွက် စာပေစိစစ်ရေးမှ ရက်သတ္တပတ်(၂)ပတ်ခန့် ဂျာနယ်ထုတ်ဝေမှု ရပ်ဆိုင်းထားကြောင်း ကိုရေးသား ဖော်ပြခဲ့ ကြပါသည်။


သို့သော်လည်း စာပေပရိသတ်များရဲ့ သုံးသပ်ချက်အသံများကို စုံစမ်းလေ့လာခဲ့ရာ ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြခဲ့သော မိန်းကလေးမော်ဒယ်ပုံမှာ မြန်မာ့ယဉ်ကျေးမှုအရ များစွာထိခိုက်ခြင်းမရှိ သော်လည်း ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံစာပေနှင့် စိစစ်ရေးအသိုင်းအ၀ိုင်း နှင့်ပြေလည်ကြသော နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် လိမ်လည်ထုတ်ဝေနေသော နာမည်ကြီး MYANMAR TIME ဂျာနယ်မှ ထုတ်ဝေသော NOW ဂျာနယ်၊ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ အတွင်းရေးမှုး ဦးကိုကို ဦးစီးထုတ်ဝေသော 8 Days ဂျာနယ် တို့တွင်ဖော်ပြထားသော မိန်းကလေးမော်ဒယ်များ၊ အမျိုးသမီးသရုပ်ဆောင်များ၏ အဖော်၊ အချွတ်ပုံများမှာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အင်မတန်မှ ဆန့်ကျင်ပါကြောင်း စာပေပရိသတ်များကဝေဖန် ပြောကြားနေကြပါသည်။


မြန်မာနိုင်ငံ၏ စာပေလောကသည် သူတော်အချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသကဲ့သို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့်သင့်မြတ်သော၊ နအဖ စစ်အစိုးရအား ဖော်လံဖား လုပ်ကြသော၊ စာပေစိစစ်ရေးနှင့် သင့်မြတ်ကြသော လက်တစ်ဆုပ်စာ စာပေပညာရှင်အမည်ခံ လူယုတ်မာ အောက်တန်းစားတစုတို့၏ ထင်တိုင်းကြဲမွှေနှောက် ဖျက်ဆီးခြင်းကို ခေါင်းငုံ့၍သာခံ နေရပါကြောင်း အများပြည်သူများမှ ဆုံးဖြတ်သတ်မှတ် နေကြလေတော့သည်။


မာဃ၀ိဇ္ဇာ