ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကိုဇာဂနာရဲ့ ဖခင် ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်....

ABA SAYAR NAN NYUNT SWE
ကိုဇာဂနာရဲ့ ဖခင်ကဗျာဆရာကြီး နန်းညွန့်ဆွေ

Ko Zar Ga Nar
နောက်တန်း ဆရာကြီးနန်းညွန့်ဆွေနှင့် စာရေးဆရာမကြီးဒေါ်ကြည်ဦး
ရှေ့တန်း ကိုဇာဂနာ၊ လူရွှင်တော် ပိန်ပိန်နှင့် စုတ်ချွန်း(ပုံ မိုးမခ)

မိတ်ဆွေအပေါင်းတို့ 

....ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ ) ညနေ (၅း၀၀)နာရီမှာ.. ကျွန်တော်တို့ရဲ့ ရဲဖော်ရဲဖက်၊ သူငယ်ချင်း ဇာဂနာရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်သွားရှာပြီဗျာ...........။

လေးစားဦးညွတ်လျက်....

ကျာ်သူ

(မနက်ဖြန်...၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာ ရေဝေးသုဿန်မှာ သဂြိုလ်ရန် စီစဉ်နေပါကြောင်း....။)

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ မှသတင်းပေးပို့လာပါတယ်။

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်များအား ကူညီမှုဖြင့် မြစ်ကြီးနားထောင်မှာ မတရားနှစ်ရှည် အကျဉ်းကျခံနေရတဲ့ စွယ်စုံ အနုပညာရှင် လူထုအချစ်တော် ကိုဇာဂနာရဲ့ဖခင်ကြီး ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ ယနေ့ကွယ်လွန် အနိစ္စရောက်ကြောင်း ကြားသိရသဖြင့် မိသားစုနဲ့ ထပ်တူ ထပ်မျှဝမ်းနည်းပါကြောင်း။

ဒီမိုဝေယံ

U KYAW THU
၂၀၀၉ ခုနှစ် မတ်လ ၂၀ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကိုဇာဂနာရဲ့မိခင် သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးရဲ့ ဈာပနအခမ်းအနား...

Daw Kyi Oo
ကိုဇာဂနာရဲ့မိခင် သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးရဲ့ ဈာပနအခမ်းအနား. မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းနည်းခြင်း ပန်းခွေ ပေးပို့ခဲ့ပါတယ်။