ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သံဃာကိုယ်စားလှယ်အဖွဲ့ နှင့်သာသနာတော်ကာကွယ်ရေးတပ်ဦး၏ ဇူလိုင်လ ၁၉ရက်နေ့ ပြည်တွင်း လှုပ်ရှားမှု ဓာတ်ပုံများ

(၁၇)ရက်နေ့က သဘောင်္ဆေးနဲ့ ထောက်ခံမဲပေးခဲ့တာကို ကြံ့ဖွတ်တွေ ပြန်ဖျက်ထားတဲ့ အတွက် ဘေးမှာ (၁၉)ရက်နေ့က ထုတ်ပြန်ချက်နဲ့ ကြေငြာချက်တွေ ပြန်ကပ်ခဲ့ပါတယ်။
(၁၇)ရက်နေ့က ဒီလိုကြံ့ဖွတ်ကို ထောက်ခံမဲ ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာနိုင်ငံ သာသနာတော်ကာကွယ်ရေးတပ်ဦးမှ ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့ တွေမှာအာဏာရှင် ဆန့်ကျင်ရေး ကြေငြာချက်များ ကပ်ဝေတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (၁၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြံ့ဖွတ်ရုံးတံဆိပ်ကို သင်္ဘောဆေးနဲ့ ပက်ခဲ့တာကို နောက်နေ့မှာ ကြံ့ဖွတ်အဖွဲ့ဝင်များမှ ဓာတ်ဆီ(၃)ပုလင်း အကုန်ခံပြီး ပြန်လည် ဖျက်ပစ်ခဲ့ရကြောင်း မျက်မြင်သက်သေများမှ ဆိုပါတယ်။ ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့မှာလည်း လှုပ်ရှားမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ထို့အတွက်ကြောင့် အနီးပတ်ဝန်းကျင်ရှိ နေထိုင်သူများအား အာဏာပိုင်များက စုံစမ်းမေးမြန်း လျှက်ရှိကြောင်းနဲ့ ညအခါလုံခြုံရေး ကားများ ကင်းလှည့်လျှက် ရှိကြောင်း သိရှိရပါတယ်။

သတင်း. ဓာတ်ပုံများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦးမှတာဝန်ခံ အရှင် ဓမ္မရာဇာအား ကျေးဇူးတင်ပါသည်။