ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုကျိုမှာ ကျင်းပတဲ့ မိဘမဲ့ကလေးများ ရံပုံငွေ ဂီတဖျော်ဖြေပွဲ...


ဂျပန်နိုင်ငံ တိုကျိုမြို့ Ikebukuro မြို့နယ်မှာ .. မိဘမဲ့ကလေးများ ရံပုံငွေ ဂီတဖျော်ဖြေပွဲ.ကို ယနေ့ နေ့လည် ၄နာရီမှ ၉နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရံပုံငွေ ဂီတဖျော်ဖြေပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ နာမည်ကြီး အဆိုတော် ရုပ်သရုပ်ဆောင် များဖြစ်ကြတဲ့ ရာဇာနေဝင်း၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ တူးတူး၊ ဟေမာနေဝင်းနှင့် အြိန္ဒာကျော်ဇင်တို့မှ လာရောက် သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ မိဘမဲ့ ရံပုံငွေ ဖျော်ဖြေပွဲ ဖြစ်သည့် အားလျှော်စွာ.. တိုကျိုမြို့နှင့် နယ်မြို့များမှ ပရိသတ်များမှ ခန်းလုံးပြည့် လာရောက် အားပေးကြပါတယ်။

ဂီတပညာရှင်များနှင့် ပရိသတ် အပေးအယူမျှသည့်ပွဲ တစ်ပွဲဖြစ်ပြီး ပရိသာတ်မှ ယခုဖျော်ဖြေ တင်ဆက်သည့် ဂီတဖျော်ဖြေပွဲအား အထူးအားရ ကျေနပ်ကြောင်း ပြောဆိုကြပါတယ်။ နာရီဝက်ခန့် ခေတ္တအားလပ် နားနေချိန်၌ ပြည်သူ့အချစ်တော် ဂီတ ပညာရှင်များမှ ပရိသာတ်နှင့် လက်ပွန်းတတည်း ဓာတ်ပုံများ အရိုက်ခံပြီး အလှူငွေများ ကောက်ခံပေးခဲ့ကြပါတယ်။ တိုကျို၌ ဖျော်ဖြေသည့် ပွဲများ၌ ရည်ရွယ်ချက်နှင့် တင်ဆက်မှု အထူးကောင်းမွန်သည့် ပွဲတစ်ပွဲဖြစ်ပြီး ရရှိသည့် အမြတ်ငွေနှင့် အလှူငွေများအား ကျောက်တန်းမြို့နယ်ရှိ မိဘမဲ့ ကလေးများဂေဟာသို့ လှူဒါန်းပေးအပ်မှာ ဖြစ်ပါသည်။

ဓာတ်ပုံ... ကိုသန်းဝင်း
သတင်း.... ဒီမိုဝေယံ