ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ ဥက္ကံဒေသ B.G သွေးအကူအညီပေးရေး အဖွဲ့နှင့် မိဘပြည်သူများ တွေ့ဆုံ မိတ်ဆက်ပွဲ...

ယနေ့ ၈ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၂ ခုနှစ် နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ‘ ဒို့သွေးဖြင့်အသက်ကယ်မယ် ’ ‘ B.G သွေးအကူအညီပေးရေး ရံပုံငွေဈေးရောင်းပွဲ ’ သို့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး အစရှိသည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်မျာဒ တက်ရောက်ခဲ့ကြပြီး ရံပုံငွေ ဈေးရောင်းပွဲတော်အား ကိုဂျင်မီနှင့် မနီလာသိန်း တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ်အခမ်းအနားပြီးသည့်နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့မှ အမှာစကားများ ပြောကြားခဲ့ကြပြီး ဈေးရောင်းပွဲတော်၌ ၀ယ်ယူသည့်ပစ္စည်းများကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ကြသည်။
ထိုမှတဖန် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်၌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဥက္ကံဒေသ BG သွေးအကူအညီပေးရေးအဖွဲ့ နှင့် မိဘပြည်သူများတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားသို့ တတ်ရောက်ခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသားများ တစ်ဦးချင်း မိဘပြည်သူများအား မိတ်ဆက်ပေးခဲ့ကြသည်။
ထိုမှ ဥက္ကံဒေသမှ ဖလုံရွာရှိ BG သွေးအကူအညီပေးရေးအဖွဲ့သားများ၊ ရွာသူရွာသားများ နှင့် တွေ့ဆုံခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
 
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ခမခဆဲ..