ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များအား အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် နှောင့်နှေးနေ...

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲမှာ တွေ့မြင်ရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များ.. (ဓာတ်ပုံ.. AP)
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များအနှောင့် ယှက်ဖြစ် နေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြား လိုက်သည်။
ဦးတင့်ဆန်း (မြန်မာ့ဟော်တယ်နှင့်ခရီးသွားလာရေး နှင့် အားကစားဝန်ကြီး)
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရမ်းရာတွင် အထစ် အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီးကျင်းပခွင့် ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ တွင်မြစ်ကြီးနား၊ မတ်လ ၃ ရက်နေ့ ၄ ရက်နေ့များ တွင် မန္တလေးမြို့၊ မတ်လ ၅ ရက်နှင့် ၆ ရက်တွင် နေပြည်တော်၊ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ မွန်ပြည်နယ် များသို့ စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။

သတင်း၊ ပေးပို့သူ...ဇော်တူး