ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော်မှ သံဃာတော်၊ သီလရှင်များနှင့် ဆွမ်းအလှူခံကြွချီ၍ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများတို့အား အမှတ်တရ နှုတ်ဆက်မည်...

လာမည့် ၁၉ရက်နေ့မှာ မဟနမှ သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရန် နောက်ကွယ်မှ တစုံတခုသော ဖိအား ပယောဂဖြင့် အတင်းအကြပ် လုပ်ဆောင်ခြင်းခံနေရတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများတို့အား အမှတ်တရ နှုတ်ဆက်သည့် အနေဖြင့် နောက်ပါ တပည့်သံဃာ သီလရှင်များနှင့်  ဆွမ်းအလှူခံကြွချီမည် ဖြစ်ကြောင်းသိရှိရပါသည်..။

လာမည့် ၁၅ရက်နေ့ ဗုဒ္ဓဟူးနေ့မှ၍ စနေနေ့အထိ မနက် ၈နာရီမှ စတင်ကာ လေးရက်တိုင်တိုင် ဆွမ်းအလှူခံ ကြွချီမည် ဖြစ်ပါသည်...။ 

ပြီးခဲတဲ့နှစ် စက်တင်ဘာလက မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သြဝါဒတရား မြွက်ကြားခဲ့သည်ဟူသော မခိုင်လုံသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကမှ ပြီးခဲတဲ့နှစ် နိုဝင်ဘာလ(၂၈)ရက်နေ့က ကျောင်းတိုက်မှ ထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်...။ ရွှေညဝါဆရာတော်ကြီးမှ မေတ္တာကို အရင်းခံသည့် ဗုဒ္ဓဘာသာ၏ ထုံးတမ်းစဉ်လာအရ ခွင့်လွှတ်ကြေအေးပါရန် အသနားခံစာအား ရေးသားတင်ပြ လျှောက်ထား တောင်းဆိုခဲ့ပါသည်...။ ဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်းစဉ်လာအရ မိမိမှားယွင်းခဲ့သည်များအား ခွင့်လွှတ်ကြေအေးပါရန် တောင်းဆိုပါက ရန်သူကိုပင် ခွင့်လွှတ်ကြေအေးရသည့် ဘာသာတရားဖြစ်ပါသည်..။ ထိုကဲ့သို့ အသနားခံ တောင်းပန်စာ တောင်းဆို လျှောက်ထားသော်လည်း ရန်သူတဦးပမာ ခွင့်လွှတ်ခြင်း မရှိယုံသာမက ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာရန် ဖိအားပေး ဆုံးဖြတ်ခြင်း ခံခဲ့ရပါသည်။

ယခုအခါ ဆရာတော်အား ကြည်ညိုလေးစားသည့် တပည့်သံဃာ၊ ဒါယိကာ၊ ဒါယိကာမအပေါင်းမှ နိုင်ငံတော် သမ္မတကြီးထံသို့ လက်မှတ်ထိုး စာရေးသား တောင်းဆိုထားပါတယ်..။ 

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။  အာဏာအတွက် သာသနာကို ခုတုံးလုပ်ခြင်း ကင်းရှင်းကြပါစေ။ မနာလိုခြင်း ဝန်တိုခြင်း ကင်းရှင်းကြပါစေ။ ငြိမ်းချမ်းနေခြင်း ဖျက်ဆီးခြင်း ကင်းရှင်းကြပါစေ။
Shwe Nya War
ယနေ့ ရွှေည၀ါဆရာတော်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသားဟောင်းများမှ လှိုင်သာယာမီးဘေးသင့် ပြည်သူများအား သွားရောက် လှူဒါန်းခဲ့ကြပါတယ်.။
(ဓာတ်ပုံ မှတ်တမ်း)
 
 
ရွှေညဝါဆရာတော် သတင်းများ ပြန်ဖတ်ချင်ရင် ပိုစ့်အောက်မှ ရွှေညဝါဆရာတော်အား Click လုပ်၍ ဖတ်ပါရန်..