ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)၏ ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေလှုပ်ရှားမှု..

ပြည်တွင်းမှာ ရှိတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး.(GW)၊ လူထုအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တို့ပူးပေါင်းပါဝင် ပြုလုပ်ခဲ့တဲ့ မြန်မာပြည်အနှံ စစ်ပွဲတွေ ရပ်စေပြီး ငြိမ်းချမ်းစေဖို့ အတိတ်နိမိတ် ဖော်ဆောင်တဲ့ အနေနဲ့ နှင်းဆီပန်းပွင့်ဝေ၊ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်..။

ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေဆိုတဲ့ စတစ်ကာများနဲ့ နှင်းဆီးပန်းဝေ လှုပ်ရှားမှုအား ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့နဲ့ ချစ်သူများနေ့များမှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်..။
ဓာတ်ပုံများအတွက် မျိုးဆက်သစ်လူငယ်များ(GW)နှင့် ကောင်းစုလင်းအား ကျေးဇူးတင်ပါသည်။
ဓာတ်ပုံများ ဒီမှာဆက်လက်ကြည့်ရှုနိုင်ပါသည်။