ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (အလင်းဆက်)

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း 
(ရေးသားပြန်ဆိုသူ ဘလော့ဂ်ဂါ အလင်းဆက်)

ကမ္ဘာ့ဒေသ အသီးသီးမှ လူ့အခွင့်အရေး ကာကွယ်ပေးနေသူများ နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး၊ သည်းခံရေး နှင့် ဒီမိုကရေစီရေး အတွက်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲကြီး (Second Geneva Summit for Human Rights, Tolerance and democracy)မှ အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ (Geneva Declaration on Internet Freedom) ကို ၂၀၁၀ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါတယ်..။

ယခုတလော ပြည်တွင်းမှာ ဘလော့ဂ်ဂါ အလင်းဆက် ဘာသာပြန်ဆို ရေးသားတဲ့ အဆိုပါ ကြေငြာစာတမ်းပါ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူ ဆွေးနွေးနေပြီး အင်မတန် အောင်မြင်နေတဲ့ ဘာသာပြန်စာတမ်း ဖြစ်ပါတယ်..။ မြန်မာနိုင်ငံလို အင်တာနက်ကို ဆိုးဆိုးရွားရွား ကန့်သတ်ချုပ်ခြယ်နေတဲ့ နိုင်ငံတခုမှာ အီလက်ထရောနစ် ဥပဒေဆိုပြီး မတရားချမှတ်ထားတဲ့ ဥပဒေတွေအောက်မှာ လူတယောက်ရဲ့ အင်တာနက် လွတ်လပ်စွာ သုံးစွဲရပိုင်ခွင့် အခွင့်အရေးတွေကို ဘာသာပြန် ရေးသား ဖော်ထုတ် တင်ပြထားတာ ဖြစ်ပါတယ်..။

စာမြည်း...
အင်တာနက် လွတ်လပ်ခွင့် (Internet freedom) အခြေအနေများ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရသော နိုင်ငံများတွင် နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ်လစ်များနှင့် ဘလော့ခ်ဂါများ (Bloggers) သည် အကျဉ်းကျခံနေကြရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီး လိုအပ်နေသည်။
အင်တာနက် လူ့အခွင့်အရေးဆိုင်ရာ ဂျီနီဗာကြေငြာစာတမ်း