ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများအတွက် အရေးပေါ် အကူအညီ တောင်းခံချက်...

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများကို လူမှုရေး အဖွဲ့အစည်းနဲ့ စေတနာရှင် ပြည်သူတွေက အစားအသောက်နဲ့ ရေသန့်တွေ လှူဒါန်းနေစဉ် (ဓာတ်ပုံ Burma VJ)
တိုက်တွန်း နှိုးဆော်အပ်ပါသည်။

လှိုင်သာယာ တိုင်ရီဖိနပ်စက်ရုံမှ ဆက်လက်ဆန္ဒပြနေကြသော အလုပ်သမားများအတွက် တနေ့တာ စရိတ်မှာ ငွေကျပ် ၃ သိန်းခန့် ရှိသည်ဟု ဦးဝင်းချိုနှင့် တယ်လီဖုန်း ပြောကြားချက်အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်း၊ ပြည်ပရှိ ညီအစ်ကို မောင်နှမများသည်လည်း တတ်နိုင်သ၍ ၀ိုင်းဝန်းပံ့ပိုး လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ကျွန်တော် (ကိုထက်အောင်) ကိုယ်တိုင်ပင် ဤပို့စ်တင်ပြီးနောက် ၁ နာရီအတွင်း အဲဒီနေရာကို ရောက်ရှိပါမည်။ လှူဒါန်းလိုသူများအနေနှင့် ရှေ့နေ ကိုဖိုးဖြူထံသို့လည်းကောင်း၊ ဦးဝင်းချိုထံသို့လည်းကောင်း၊ ကျွန်တော့်ထံသို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ အောက်တွင် ကျွန်တော်၏ ဖုံးနံပါတ်နှင့် ဦးဝင်းချို၏ ဖုံးနံပါတ်ကို ရေးပေးပါမည်။

(အထူးမေတ္တာရပ်ခံချက်)
(ကျွန်တော် ထက်အောင် အပေါ်တွင် ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ ရှိနေပါက တယ်လီဖုန်းဆက်၍ တိုက်ရိုက် ပြောကြားနိုင်ပါသည်။ အလုပ်သမားအရေးကိစ္စနှင့် ပက်သက်သော ဤပို့စ်အောက်တွင် ပြသနာဘက်ကို ဦးတည်သွားစေနိုင်သော အရေးအသားမျိုးကို မရေးကြပါရန် အထူး မေတ္တာရပ်ခံပါသည်။ အကယ်၍ အခွင့်အခါပေးခဲ့လျှင် ဆွီဒင်ကျောင်းသားအဖွဲ့မှ သဘောထားထုတ်ပြန်ချက်ကို အလုပ်သမားအရေး ကိစ္စဆောင်ရွက်နေကြသော လူကြီးများမှ ခွင့်ပြုလျှင် ဖတ်ကြားပေးပါမည်)

လေးစားစွာဖြင့်

ထက်အောင်

ဦးဝင်းချို - 09-73206838
ထက်အောင် - 09-73105071
လှိုင်သာယာ စက်မှုဇုန် (၃) ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု ဟာ.6.2.2012 မှ 20.2.2012 ထိ (၁၅) ရက်ကြာမြင့် ခဲ့ ပါပြီ/.နေ့စဉ် နံက် ၆း၃၀ မှစပြီး တားသပိတ် ကို အလုပ်သမား(၁၈၄၅) ဦး မှ ပြုလုပ်ပါသည်...တိုင်ရီ အလုပ်သမား ကိုယ်စားလှယ် (၄၆)ဦး ရှိပါတယ်..အလုပ်ပိုင်ရှင်မှ အပြင်ထွက်မည့် ရေပိုက်ကို ပိတ်လိုက်သည့်အတွက် သောက်ရေ နှင့် အစားအစာ အရေးတကြီး လိုအပ်နေ ပါတယ်... သို့ဖြစ်ပါ၍ ဆန္ဒပြ အလုပ်သမားများအတွက် အလုပ်သမား ကိုယ်စားလှယ် (၄၆) ဦးသို့ ဆက်သွယ်၍ လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ် ကူညီပေးကြပါရန် စေတနာရှင် ပြည်သူများကို နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။ မည်သူမဆို ကိုယ်စားလှယ် (၄၆) ဦးသို့ ဆက်သွယ်၍ ဖြစ်စေ၊ ကိုခင်မောင်လတ် ထံသို့ ဆက်သွယ်၍ ဖြစ်စေ၊ လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ၊လှူဒါန်းနိုင်ပါသည်။ ကိုခင်မောင်လတ် ထံသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ… 09-73146726